ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ခန့်အပ်လွှာ လာရောက်ပေးအပ်

 

နေပြည်တော်   ဇွန်   ၁၆

 


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်မည့် Mr. Marcoluigi Corsi က  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့ နံနက် ၁၁ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်