နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   ဇွန်    ၁၅


၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို ပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြသည့်  မန်းငြိမ်းမောင်၊ Jeng Phang   နော်တောင်၊   ဦးမောင်းဟာ ၊ ဦးစိုင်း လုံးဆိုင်၊  စောဒန်နီယယ်နှင့်     ဒေါက်တာ  ဗညား အောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးချစ်နိုင်၊    ဦးကိုကို၊     ဒေါက်တာ ချာလီသန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး များ၊   ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစား သမားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက် ကြသည်။

 


အခမ်းအနားတွင်        ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက   ကိုယ်ခံပညာ  အားကစားနည်း တစ်ရပ်ဖြစ်သည့် တိုက်ကွမ်ဒို အားကစားနည်းသည် ကိုယ်ခန္ဓာကြံ့ခိုင်    ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် စည်းကမ်းလိုက်နာမှု၊       အမိန့်နာခံတတ်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု     စသည့်လူ့ကျင့် ဝတ်သိက္ခာများ    တိုးတက်မှုကို    များစွာအထောက် အကူပြုကြောင်း၊   မြန်မာနိုင်ငံ   တိုက်ကွမ်ဒိုအဖွဲ့ ချုပ်၏ စည်းရုံးဆောင်ရွက်မှုများကြောင့် နှစ်အနည်း ငယ်အတွင်း     ထူးချွန်ထက်မြက်သည့်    မြန်မာ့ လက်ရွေးစင်     တိုက်ကွမ်ဒိုအားကစားသမားများ ပေါ်ထွက်လာပြီး     နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊  မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒို အားကစားသမားများသည်     အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများသာမက        နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်လည်း ထိုးဖောက်အောင် မြင်ခဲ့ပြီး 31st SEA Games ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခုနှင့်     ကြေးတံဆိပ် သုံးခု   ရရှိခဲ့ကြောင်း၊ နိုင်ငံတော်မှ    မြန်မာ့အားကစားကို အစွမ်းကုန် အားပေးချီးမြှောက်နေသည့် အချိန်ကာလဖြစ်သည့် အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစ၊    အရည်အသွေးများကို    အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် ပြည်နယ် နှင့် တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစား စိတ်ဓာတ်အပြည့်ဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင် သွားကြရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲ များမှတစ်ဆင့်   နိုင်ငံတော်က  အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်   လက်ရွေးစင်အားကစားသမား ကောင်းများ  ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို  ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တိုက်ကွမ်ဒို အသင်းလိုက် (အမျိုးသား/ အမျိုးသမီး) ကကွက်ပြိုင်ပွဲနှင့်   အတိုက်ပြိုင်ပွဲ    ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။

 


၂၀၂၂ ခုနှစ်     ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒို  (အမျိုးသား/အမျိုးသမီး)  ပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း  ၁၄  သင်း၊      အမျိုးသားအသင်း   ၁၃  သင်းနှင့် အမျိုးသမီးအသင်း ၁၄ သင်း    ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကာ ပြိုင်ပွဲကို ဇွန် ၁၅ ရက်မှ ၁၇ ရက် အထိ  နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသွားမည်ဖြစ်ပြီး တိုက်ကွမ်ဒို အားကစားနည်း ကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်