ရွှေတောင် ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ်တွင် ဇွန် ၁၁ ရက်က သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်တားဆီးရေး ဆိုင်းဘုတ် စိုက်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရန်ကုန်-ပြည် လမ်းဘေးရှိ ကြာနီကန်ရပ်ကွက် ကူကြီးဘုရားလမ်းနှင့် ကြာနီကန် လမ်းဆုံ၊ ကြာနီကန်ရပ်ကွက် (အထက-ရွှေတောင်) အခြေခံပညာ ကျောင်းရှေ့၊ ယွန်းတန်းရပ်ကွက် ရွှေမျက်မှန်ဘုရားရှေ့ ဆယ်နာရီ စျေးလမ်းဆုံတို့တွင် အသီးသီး စိုက်ထူ ဆောင်ရွက်ခဲ့ပြီး ဆိုင်းဘုတ်စိုက်ထူးခြင်း လုပ်ငန်းသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ (၅၀၉) အမြောက် တပ် ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းနိုင်စိုးနှင့် နယ်မြေလုံခြုံရေး အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှေက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ် ( ၃)ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)



