ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၁ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့သော ဘားအံမွေးမြူရေးဇုန်အား ကြည့်ရှုစစ်ဆေး

 

ဘားအံ   ဇွန်   ၁၂


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ သည်  ယမန်နေ့က  ဘားအံမွေးမြူရေးဇုန် ရှင်းလင်း ဆောင်၌  မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ၂၀၂၁ ခုနှစ်တွင်  စတင်ဖော်‌ဆောင်ခဲ့သော ဘားအံ မွေးမြူရေးဇုန်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့သည် ဘားအံ မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ  ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇုန်အတွင်း မြေနေရာချထားပေးမှုအခြေအနေ၊ လျှပ်စစ်မီး၊ ရေ၊ အဆောက်အဦဆောက်လုပ်ပြီးစီးမှု  အခြေအနေနှင့် မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က     တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်အတွင်း    တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် မွေးမြူ ရေးလုပ်ငန်းရှင်များ၏   မွေးမြူထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 


ဘားအံမွေးမြူရေးဇုန်ကို ကရင်ပြည်နယ်အစိုးရ အဖွဲ့၏   လမ်းညွှန်မှုဖြင့်   ၂၀၂၁ ခုနှစ်မှ   စတင် ဖော်ဆောင်ခဲ့ရာ မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက်၌ လုပ်ငန်းရှင် ၈၄ ဦးက ဥစားကြက်၊ အသားစားကြက်၊ နွား၊  ဝက်၊   ဆိတ်၊ သိုး    တိရစ္ဆာန်များကို   ခြံစနစ်ဖြင့်    မွေးမြူလျက် ရှိသည်။

 


ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည် ဘားအံမြို့ ဇွဲကပင်ဘိုးဘွားရိပ်သာရှိ အဘိုး အဘွားများအား   သွားရောက်ဂါရဝပြု    တွေ့ဆုံ၍ အာဟာရဖြည့်စွက်စာများ၊ အသုံးအဆောင်ပစ္စည်း များ၊   ထောက်ပံ့လှူဒါန်းငွေများ   ပေးအပ်ကြရာ အဘိုးအဘွားများက  ဆုမွန်ကောင်းများ ပြန်လည် ချီးမြှင့်ခဲ့ပြီး    ပြည်နယ်ဝန်ကြီးချုပ်နှင့်    အဖွဲ့က   ဘိုးဘွားရိပ်သာတွင်  တာဝန်ထမ်းဆောင်လျက်ရှိ သော    ဝန်ထမ်းများကို    ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ကွပ်ကဲ အုပ်ချုပ်မှုကော်မတီရုံး၌ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ    ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများက   မြေကွက်များ ဖော်ထုတ်နေရာချထားပေးမှုအခြေအနေ၊   လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေး ဆောင်ရွက်ပေးနေမှုအခြေ အနေ၊   မြို့ပြအင်္ဂါရပ်များနှင့်အညီ   ဈေး၊ ပန်းခြံ၊ ယာဉ်ရပ်နားစခန်း၊ စာသင်ကျောင်း စသည့်အဆောက် အဦများ ထည့်သွင်းဆောင်ရွက်မည့်  အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့ လှာကမြင်(ကွက်သစ်)တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  လေးခန်းတွဲလေးထပ် အငှားဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင် အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)