ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

 

နေပြည်တော်   ဇွန်  ၁၁


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ  သင်တန်းသား၊ သင်တန်း သူ ၅၂ ဦးတို့သည် ယနေ့နံနက်ပိုင်း က    နေပြည်တော် - တပ်ကုန်းရှိ     မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား တွင်  ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား   စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။

 


အဆိုပါ လေ့လာရေးအဖွဲ့ဝင် များသည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်  ခေတ် အဆက်ဆက်  ရုပ်သံထုတ်လွှင့်မှု များတွင် အသုံးပြုခဲ့သည့်   စက် ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်း တင်ဆက်မှုပုံစံငယ်များ၊   ခေတ် အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်း ဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင်  အသုံးပြုခဲ့သည့် ခေတ်ဟောင်း  ဓာတ်ပြားများနှင့် အခြား   အသုံးအဆောင်ပစ္စည်း များစသည့် စုစုပေါင်း ပြခန်း ၄၀ တွင်    ခင်းကျင်းပြသထားမှုများ အပြင် ပင်မအဆောက်အဦအတွင်း ရုပ်သံထုတ်လွှင့်မှု   လုပ်ငန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြသည်။

 


အဆိုပါ        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ သင်တန်းသား   သင်တန်းသူများ သည် အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂)ကို    ဇွန်လ  ၆ ရက်မှ    ၁၇ ရက်အထိ  ဒုတိယညွှန်ကြား ရေးမှူးနှင့် လက်ထောက်ညွှန်ကြား ရေးမှူး ၂၂ ဦးဖြင့် လည်းကောင်း၊  E – Library       Management System    Software   အသုံးပြု နည်းသင်တန်း (၂/၂၀၂၂)သို့ ဇွန်လ ၆   ရက်မှ  ၁၀   အထိ   သင်တန်းသား     သင်တန်းသူ   ၃၀  ဖြင့် လည်းကောင်း   တက်ရောက်ခဲ့ကြပြီးနောက်      သက်ဆိုင်ရာဒေသ အသီးသီးသို့ ပြန်လည်မထွက်ခွာမီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်ပြီး ရုပ်သံထုတ်လွှင့်မှုများကို လေ့လာကြခြင်းဖြစ်သည်။ 


သတင်းစဉ်