ဝေါမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး

 

ဝေါ   ဇွန်   ၁၁


ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မိုးနက်ကျေးရွာ အုပ်စု မဝါတဲစုကျေးရွာတွင် ဇွန် ၈ ရက် ည ၁၀ နာရီခန့်နှင့်  ဘုရားပျိုကျေးရွာအုပ်စု ကမာ ကဘန်ကျေးရွာတွင် ဇွန် ၉ ရက်  နံနက် ၉ နာရီခွဲက  လေဆင်နှာမောင်း   တိုက်ခတ်မှု ကြောင့် လူနေအိမ်များ   ပြိုကျပျက်စီးကာ သစ်ပင်များ  လဲပြိုခဲ့ကြောင်း သိရသည်။

 


လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဝါတဲစုကျေးရွာတွင် အိမ်ခြောက်လုံး အမိုး လန်/ပြိုကျ   ပျက်စီးခဲ့ပြီး    ကုက္ကိုပင်ကြီး  ငါးပင် ပြိုလဲပျက်စီးခဲ့ကြောင်း၊  ကမာကဘန် ကျေးရွာတွင် အိမ် ၁၀ လုံး အမိုးလန်/ပြိုကျ ပျက်စီးခဲ့ကြောင်း၊ နေအိမ်ပြိုကျမှုနှင့် သစ်ပင် လဲကျမှုများကြောင့်  အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူများအနေ ဖြင့်   နီးစပ်ရာဆွေမျိုးများအိမ်သို့    ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိ​ကြောင်း သိရသည်။

 


အဆိုပါ   လေဆင်နှာမောင်းတိုက်ခတ်ခဲ့ သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးဝင်းမော်နှင့်  တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန  ဦးစီးမှူး   ဦးသိန်း ထွန်းနှင့်  တပ်ဖွဲ့ဝင်များက    ကွင်းဆင်း၍ သစ်ပင်များရှင်းလင်းပေးခြင်း၊ လူနေအိမ်များ ကူညီရှင်းလင်းခြင်းများကို  ဆောင်ရွက်​ပေး လျက်ရှိကြောင်း သိရသည်။


စိုးမိုး(ပြန်/ဆက်)