သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရောဆောင်ရွက်

 

နေပြည်တော်  ဇွန်   ၁၁


ယခုအချိန်အခါတွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ  နိုင်ငံတစ်ဝန်း လုံး၌   အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများ အားလုံး က  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့်    ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ်     စနေနေ့တိုင်းတွင် မိမိတို့၏  မြို့၊  ရွာ  ဒေသများ သန့်ရှင်းသာယာ   လှပရေးကို အားတက်သရော    ဆောင်ရွက်လျက်ရှိကြသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ      ဇေယျာသီရိမြို့နယ် အပါအဝင်   မြို့နယ်ရှစ်မြို့နယ်တို့၌ လည်းကောင်း၊   ရှမ်းပြည်နယ် (မြောက်ပိုင်း)    လားရှိုးမြို့   အပါ အဝင်   မြို့နယ်   ငါးမြို့နယ်တို့၌ လည်းကောင်း၊   ရှမ်းပြည်နယ် (တောင်ပိုင်း)    ကွန်ဟိန်းမြို့အပါ အဝင်   မြို့နယ်  ငါးမြို့နယ်တို့၌ လည်းကောင်း၊     ရှမ်းပြည်နယ် (အရှေ့ပိုင်း)     ကျိုင်းတုံမြို့နယ် အပါအဝင် မြို့နယ်  ရှစ်မြို့နယ်တို့ ၌  လည်းကောင်း၊  မွန်ပြည်နယ် မော်လမြိုင်မြို့ အပါအဝင် မြို့နယ် ရှစ်မြို့နယ်နှင့်  ကရင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်တို့၌ လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင်   မြို့နယ်  ၁၀ မြို့နယ်တို့၌    လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင်ရှိ   မြို့နယ်   ၁၄ မြို့နယ်၊  အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်း ခရိုင်ရှိ   မြို့နယ်   ၁၀  မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ  မြို့နယ်  ကိုး မြို့နယ်တို့၌     လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့ တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ် ဆိပ်ဖြူ မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့ တို့၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် အပါ အဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌လည်းကောင်းဘုရား၊ စေတီ ပုထိုးများ၊ ဌာနဆိုင်ရာ အဆောက် အအုံများ၊  အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊  ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊       ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊       ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက  ချုံနွယ်ပေါင်း မြက်များ  ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများ     တူးဖော်ပေးခြင်း နှင့်  ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊      တိုင်းစစ်ဌာနချုပ် အသီးသီးမှ     တိုင်းမှူးများနှင့် တာဝန်ရှိသူများက    လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ       ညှိနှိုင်းဆောင်ရွက်ပေး ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်