နေပြည်တော် ဇွန် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့ နံနက်ပိုင်း က စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မဟာပညာရေးဘွဲ့ နှစ်နှစ် သင်တန်းနှင့် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းတို့မှ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် စာပေသင်ကြားနေမှု၊ တက္ကသိုလ်စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများနှင့် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ သက်သာချောင်ချိရေး အတွက် မွေးမြူထားရှိသည့် အသားစားကြက်၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေးကန်များနှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ပိုင်းတွင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ နှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်မှ သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြားရေး ဆိုင်ရာအခြေအနေများနှင့် ဝန်ထမ်းသက်သာချောင်ချိ ရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်
ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဘွဲ့နှင်း ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ကျောင်းသား ကျောင်းသူများအနေနှင့် လက်ရှိပညာ သင်ကြားရေးကာလအတွင်း ပညာရပ်များကို ကြိုးစားသင်ယူရေး၊ တက္ကသိုလ်တွင် ပညာရှာမှီးစဉ် တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးစွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာအောင် နေထိုင်ကျင့်ကြံရေး၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့် မွေးထုတ်နိုင်ရေး၊ ဆရာ ဆရာမများအနေဖြင့်လည်း တက္ကသိုလ်၏ ရည်မှန်းချက် ၅ ရပ်နှင့်အညီ ကျောင်းသား ကျောင်းသူများကို စာပေဘာသာရပ် များအပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံတရား မြင့်မားစေရေးအတွက် သင်ကြား လေ့ကျင့်ပေးရေး၊ အားကစားကဏ္ဍအပါအဝင် ဘက်စုံထူးချွန်ထက်မြက်ပြီး အနာဂတ်တွင် နိုင်ငံတော် မှ အားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း များဖြစ်လာစေရေး ဦးတည်ချက်ထားရှိ ဆောင်ရွက် သွားကြရန်မှာကြားပြီး ကျောင်းသား ကျောင်းသူများ ကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် တက္ကသိုလ်၏ ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ နှင့်အတူ ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုး ပေးသည်။
အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အုန်းတော ကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကောလိပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ကျွန်း၊ ပိတောက်၊ သရက်၊ မန်ကျည်းအပင်ရေ ၁၀၀၀ ကျော် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် စာသင် ဆောင်များ၌ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ၏ စာသင်ကြားနေမှု၊ လက်တွေ့ခန်း များ၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး စားရိပ်သာ တွင် ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ် စာ သုံးဆောင်သည်။
ဆက်လက်၍ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ် ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



