အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက် ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံ တစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေး လျက်ရှိသည်။
ယခုအခါ လိုအပ်ချက်အရ ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက် ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသ စစ်ဆေး ခံရမည်ဖြစ်ပါသည်။
နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာ များကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေး ခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။
နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင် ခြင်းနှင့် ကတ်အပို ထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်း အသိပေးအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန



