မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဆောင်ရွက်သည့် ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇွန်  ၁၀


မြန်မာနိုင်ငံ    စာရေးဆရာအသင်းက   ကြီးမှူး ဆောင်ရွက်သည့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု    ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို   ယနေ့မွန်းလွဲ  ၁  နာရီတွင် မြန်မာနိုင်ငံ   စာရေးဆရာအသင်း  အစည်းအဝေး ခန်းမ၌  ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊  ပခုက္ကူစာပေဆု     ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ   ဒုတိယ  ဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးသိန်းခိုင်ဦး(ပခုက္ကူမြို့ကိုယ်စားလှယ်)နှင့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊  အတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့်အဖွဲ့ဝင်များ၊   စာပေဗိမာန်  စာတည်းမှူးချုပ် ဦးတိုးကျော်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


    ရှေးဦးစွာ ပခုက္ကူဦးအုံးဖေစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အမှာစကားပြောကြားသည်။ 

 


ဆက်လက်၍   အတွင်းရေးမှူး  ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က ရန်ပုံငွေ အခြေ အနေနှင့် ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ  ကျင်းပနိုင်ရေး ရှင်းလင်းတင်ပြရာ   တက်ရောက်လာကြသူများက ဆွေးနွေးညှိနှိုင်းကြပြီး  ဥက္ကဋ္ဌက   နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်