ရန်ကုန် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့ မွန်းလွဲပိုင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများ ကြည့်ရှုအားပေး သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာရွတ် မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်ကြား KG မှ Gread(6)အထိ ကျောင်းသား ကျောင်းသူ ၅၆၆ ဦးတို့ကိုလည်းကောင်း၊ မရမ်းကုန်း မြို့နယ် အမှတ် (၂၄) အခြေခံပညာမူလတန်းကျောင်း တွင် KG မှ Gread (6)အထိ ကျောင်းသား ကျောင်းသူ ၁၁၁ ဦးတို့ကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံ ပေးနေမှုများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ က ကူညီဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများနှင့် ဆရာဝန်၊ သူနာပြု များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး ကျောင်းနှစ်ကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေ များကို ကျောင်းအုပ်ဆရာမကြီးများထံ ပေးအပ် သည်။
ထို့နောက် ဝန်ကြီးချုပ်က ကျောင်းအုပ်ကြီးများ အား ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိရေးနှင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် ဆက်စပ်ရောဂါများ မဖြစ်ရအောင် ကြိုတင်ကာကွယ်ထားရှိရေးများ၊ ကျောင်းသုံးပရိဘောဂများ ပြည့်စုံစွာရှိရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
အရှေ့ပိုင်းခရိုင်တွင် ကျောင်းပေါင်း ၁၉ ကျောင်း မှ ၆၈၄၅ ဦး၊ တောင်ပိုင်းခရိုင်တွင် ကျောင်းပေါင်း ၁၀၅ ကျောင်းမှ ၁၀၆၂၄ ဦး၊ အနောက်ပိုင်းခရိုင်တွင် ကျောင်းပေါင်း ၁၆ ကျောင်းမှ ၁၈၆၉ ဦး၊ မြောက်ပိုင်း ခရိုင်တွင် ကျောင်းပေါင်း ၈၃ ကျောင်းမှ ၁၃၆၃၃ ဦး စုစုပေါင်း ကျောင်းပေါင်း ၂၂၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၂၉၇၁ ဦးတို့ကို ဆေးထိုးနှံပေးပြီး ဖြစ်သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)



