လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ဦးအား ​နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်

 

တာချီလိတ်  ဇွန်   ၉


လာအိုနိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့  ဟောင်လိတ်ရပ်ကွက်ရှိ စံလင်းဖြိုး   ကွာရန်တင်းစင်တာတွင်    ထားရှိခဲ့ပြီး နောက်  ဇွန် ၈ ရက်တွင် ၎င်းတို့၏ နေရပ်​အသီးသီးသို့ မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ နေရပ်ပြန်ရွှေ့ပြောင်းမြန်မာ အလုပ် သမား  အမျိုးသား အမျိုးသမီး စုစုပေါင်း  ၁၉၉ ဦး တို့မှာ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်းမှ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး ကွာရန် တင်းစင်တာ၌  ခုနစ်ရက်ခန့်ထားရှိကာ နှာခေါင်းနှင့် အာ​ခေါင်တို့ဖတ် သုံးကြိမ်ရယူ၍ RDT ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးကင်းစင်သဖြင့်  ၄င်းတို့၏ တိုင်းဒေသကြီး/ပြည်နယ်များသို့  မော်တော်ယာဉ်များဖြင့် ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်သည်။ 

 


အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး   ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိ သူများ၏   စီစဉ်မှုဖြင့်   ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည်များကိုလည်း   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က       ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်ယော် (တာချီလိတ်)