တပ်ကုန်း ဇွန် ၉
နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေ ၁၆ ရက်က တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ တွင် ထုတ်ချေးပေးလျက်ရှိသည်။
ထိုစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ် အရောက် စက်တင်ဘာလကုန် အထိ ထုတ်ချေးပေးသွားမည် ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြား သီးနှံ ချည်မျှင်ရှည်ဝါ၊ ပဲတီစိမ်း တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးလျှင် စိုက်ပျိုးမြေ ဧက ၁၀ ဧကအထိ ထုတ်ချေး နိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ လျှင် တစ်နှစ် အတွက် ၅ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး သီးနှံပေါ်ချိန် သတ်မှတ်ကာလတွင် ပြန်ဆပ် သည့်အခါ အတိုးအရင်းပေါင်း၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
တပ်ကုန်းမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေး ငွေများကို မေ ၁၆ ရက်မှ ဇွန် ၇ရက်အထိ ကျေးရွာအုပ်စု ၉ အုပ်စု၊ တောင်သူပေါင်း ၈၉၈ ဦး၊ စပါး ၂၁၀၂ ဧက၊ ချည်မျှင်ရှည်ဝါ ၁၉၁၂ ဧက၊ ပဲတီစိမ်း ဧက ၂၀၀ စုစုပေါင်း ၄၂၁၄ ဧကအတွက် ချေးငွေကျပ်သန်းပေါင်း ၅၂၆ ဒသမ ၅၀ ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)



