
နေပြည်တော် မေ ၃၀
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဖွင့်လှစ်မည့် လူမှု သဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ နည်းပြ သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနမှ တာဝန်ရှိ သူများ၊ စစ်တွေမြို့မှ In person တက်ရောက်ကြ သည့် သင်တန်းသား သင်တန်းသူများ၊ Online ဖြင့် ဆွေးနွေးပို့ချမည့်နည်းပြများ တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူတစ်ဦးနှင့်တစ်ဦး ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့ရသည့် ပညာရပ်များ၊ လူမျိုး၊ ဘာသာ စသည်ဖြင့် မတူညီမှုများစွာရှိကြောင်း၊ မတူညီမှုများ ကို ယိုးမယ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူမှုသဟဇာတမဖြစ်နိုင်တော့ပါကြောင်း၊ မတူညီမှု များထဲမှ တူညီသည့်အချက်များမှာ လူတိုင်း လူတိုင်း သည် ကြီးပွားတိုးတက်လိုခြင်း၊ ငြိမ်းချမ်းစွာနေထိုင် လိုကြခြင်းတို့ ဖြစ်ပါကြောင်း၊ ယင်းတူညီသည့် အချက်များအပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ပြဿနာမဖြစ်အောင်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်အောင် ဆောင်ရွက်ကြရခြင်းဖြစ်ပါ ကြောင်း။
ထို့ကြောင့် Social Cohesion၊ Social Harmony ကဲ့သို့သော သင်တန်းများသည် အလွန်အရေးကြီး သည့်အတွက် ယခုသင်တန်းကို ဆောင်ရွက်ရခြင်းဖြစ် ပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချမည့်ဘာသာရပ် များသည် နိုင်ငံတကာအဆင့်မီဘာသာရပ်များဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် နည်းပြသင်တန်းဖြစ် ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများသာမက ပြည်သူအများနှင့် ထိတွေ့နေသည့် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့မှ ပူးပေါင်းပါဝင်၍ သင်တန်းတက်ရောက် သည့်အတွက် ပြည်သူများအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင် နိုင်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင့်ပွားသင်တန်း များ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ဆင့်ပွား သင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများအား လူကိုယ်တိုင်ဖြင့် ရပ်ရွာအတွင်း ထပ်ဆင့်သင်တန်း များ ပို့ချခြင်းနည်းလမ်းနှင့် Social Media မှတစ်ဆင့် လူတိုင်းနားလည်သဘောပေါက်နိုင်သော အတွေး အခေါ်ဗဟုသုတများဖြင့် မျှဝေခြင်းနည်းလမ်းတို့ဖြင့် အကျိုးရှိရှိ ပြန်လည်အသုံးချစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။ သင်တန်းကို မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ တက်ရောက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်