
နေပြည်တော် မေ ၃၀
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့တွင် Video Conference စနစ်ဖြင့် ကျင်းပသည့် အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများအစည်းအဝေးသို့ တက်ရောက် သည်။
အစည်းအဝေးတွင် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ဝင် နိုင်ငံများ၏ ဥက္ကဋ္ဌ အဇာဘိုင်ဂျန်နိုင်ငံ၊ အလုပ် သမားနှင့် လူမှုအကာအကွယ် ပေးရေးဝန်ကြီး H.E. Mr. Sahil Babayev က အဖွင့်မိန့်ခွန်း ပြောကြားသည်။
အလေးထားဆောင်ရွက်
ဆက်လက်၍ အစည်းအဝေး အစီအစဉ်အရ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည် ဆောက်ရာတွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်ခဲ့ပြီး အလုပ်သမားများ အလုပ်အကိုင်ရရှိရေး၊ ကုန်ထုတ် လုပ်မှု တိုးတက်၍ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ပံ့ပိုးကူညီဆောင်ရွက်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက် ကျဆင်းခဲ့မှုကို ပြန်လည်ကုစား သည့်အနေဖြင့် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု များ ပိုမိုဝင်ရောက်လာပြီး နည်းပညာနှင့် လုပ်သားဈေးကွက် တိုးတက်လာစေရန်နှင့် ရင်းနှီး မြှုပ်နှံမှု အထောက်အပံ့များ ရရှိ နိုင်ရန် နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေအရ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတို့တွင် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းတို့၌ အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း။
ပူးပေါင်းညှိနှိုင်းဆောင်ရွက်
ပြည်တွင်း၌ရှိသော အလုပ် သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး သည့်နည်းတူ ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သည့် မြန်မာ နိုင်ငံသားရွှေ့ပြောင်း အလုပ် သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင် ရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ နှင့် ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိစေရန် သက်ဆိုင် ရာ နိုင်ငံများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသကဲ့ သို့ အလုပ်သမားများ၏ ကျွမ်းကျင် မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ကာလအတွင်း လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထား သော ကိုယ်ဝန်ဆောင်အမျိုးသမီး အာမခံအလုပ်သမား ၄၀၂၈ ဦး အတွက် ငွေကျပ် (၅၈၅ ဒသမ ၄၇၂) သန်းကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံ အလုပ် သမား ၅၁၂၅ ဦးအတွက် ငွေကျပ် (၂၉၂ ဒသမ ၅၇၀) သန်းကို လည်းကောင်း မကျန်းမာမှု ငွေကြေး အကျိုးခံစားခွင့်အဖြစ် ထောက်ပံ့ပေးခဲ့ကြောင်း။
ထောက်ပံ့ကူညီပေးခဲ့
ထို့ပြင် ကိုဗစ်-၁၉ ပထမလှိုင်း နှင့် ဒုတိယလှိုင်းကာလအတွင်း ယာယီပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား ၁၆၃၄၁၇၄ အား လူမှု ဖူလုံရေးထောက်ပံ့ကူညီမှု အကျိုး ခံစားခွင့်အဖြစ် စုစုပေါင်းငွေကျပ် (၇၀၈၂၉ ဒသမ ၇၅၆) သန်း ထောက်ပံ့ကူညီပေးခဲ့ကြောင်း။
လူမှုကာကွယ် စောင့်ရှောက် ရေး လုပ်ငန်းစဉ်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ် (Maternaland Child Cash Transfer Program – MCCT)နှင့် အသက် ၉၀ နှင့် အထက် သက်ကြီးရွယ်အိုများ အား လူမှုရေးပင်စင်ထောက်ပံ့ပေး ခြင်း အစီအစဉ်များအရ လစဉ် ထောက်ပံ့ပေးလျက် ရှိကြောင်း၊ အကျုံးဝင်အသက်ကို ၈၅ နှစ် အထိ လျှော့ချထောက်ပံ့ပေးနိုင် ခဲ့ကြောင်း။
ဥပဒေနှင့်အညီ ကာကွယ်
မြန်မာနိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ဖော် ဆောင်၍ အလုပ်သမားများ၏ အကျိုးစီးပွားများကို ဦးစားပေး မြှင့်တင်ဆောင်ရွက်ပြီး အလုပ်ရှင် များကိုလည်း ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ဝင် နိုင်ငံများ အချင်းချင်း အလုပ်သမားရေးရာ ကိစ္စရပ်များအား ပူးပေါင်းဆောင် ရွက်စေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
သတင်းစဉ်