ကျောက်ဆည်မြို့၌ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သည့် တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ကျောက်ဆည်    မေ   ၂၉


မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့     ဖောင်ရွာရပ်ကွက် ရတနာသိမ်ကျောင်း    အတွင်းရှိ ပုဂံခေတ်   ကျန်စစ်သားမင်းကြီး လက်ထက်က တည်ထားကိုးကွယ် ခဲ့သော တိန်လယ် အလိုတော်ပြည့် ဘုရားကြီးတွင်        စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အသစ်တင်လှူပွဲ၊    ဗုဒ္ဓါဘိသေက အနေကဇာတင်   မင်္ဂလာအခမ်း အနားနှင့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲကို ယနေ့နံနက် ၇ နာရီက ရတနာသိမ်ကျောင်း ဆရာတော်  ဘဒ္ဒန္တကေလာသ   ဦးဆောင်မှု ဖြင့်     ကျင်းပကြောင်း     သိရ သည်။

 


ရှေးဦးစွာ    အခမ်းအနားကို နမောတဿ    သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ    အခမ်း အနား    ဖွင့်လှစ်ခဲ့ပြီး     ပုဂံခေတ် တိန်လယ်အလိုတော်ပြည့် ဘုရား ကြီးအား       ကန်တော့ပွဲများ ဆက်ကပ်လှူဒါန်းကာ     နိုင်ငံ တော်   ဩဝါဒါစရိယ   ဧရာဝတီ ပရိယတ္တိစာသင်တိုက်ကြီးမှ ဦးစီး ပဓာန    ဆရာတော်    ဘဒ္ဒန္တ ပါမောက္ခာဘိဝံသ    အမှူးပြု သော   ဆရာတော်ကြီးများထံမှ ကိုးပါးသီလ  ခံယူဆောက်တည် ကြသည်။

 


ထို့နောက်  အလှူရှင် ဒကာ၊ ဒကာမများက      စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့်   ပရိတ်ချည်၊ ပရိတ်ရေ၊  ပရိတ်သဲ၊ ပရိတ်ပန်း တို့ကို သံဃာတော် အရှင်သူမြတ် တို့ထံသို့ ဆက်ကပ်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်  တို့ကို ပင့်ဆောင်ကာ တိန်လယ် အလိုတော်ပြည့်  ဘုရားကြီးအား လက်ယာရစ် လှည့်လည်ပူဇော်၍ မင်္ဂလာအချိန်တွင် နတ်ပန်းရထား ဖြင့်        ထီးတော်တင်လှူခြင်း များ  ဆောင်ရွက်ခဲ့ကြပြီး  ရွှေမိုး၊ ငွေမိုး   ရွာသွန်းသည့်အနေဖြင့် အလှူရှင်များက  ပိုက်ဆံကြဲခြင်း များ ပြုလုပ်ခဲ့ကြသည်။

 


ထီးတော်တင်လှူပြီးနောက် ဆရာတော် သံဃာတော်များက တိန်လယ်အလိုတော်ပြည့်ဘုရားကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး အား  ဗုဒ္ဓါဘိသေက  ဘုရားအနေ ကဇာတင်    မင်္ဂလာတင်ခြင်းများ ပြုလုပ်ခဲ့ကာ ဆရာတော်ကြီးများ အား လှူဖွယ်ဝတ္ထုအစုစုနှင့် ဆွမ်း၊ ဆန်စိမ်း   လောင်းလှူခြင်းများဆောင်ရွက်ခဲ့ကြကြောင်း    သိရ ပြီး     နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီပရိယတ္တိ   စာသင်တိုက် ကြီးမှ    ဦးစီးပဓာန   ဆရာတော် ထံမှ      ကိုးပါးသီလ    ခံယူ ဆောက်တည်ကြပြီး       ရေစက် သွန်းချ  အမျှပေးဝေခဲ့ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)