တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    မေ     ၂၉


တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုး မရွေးဘာသာမရွေး    အသက်  ၄၀  အထက်   ဒေသခံပြည်သူများ၊ အကျဉ်းသား   အကျဉ်းသူများ၊   မသန်စွမ်းသူများ၊    တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ် ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂   နှစ်အထက်  အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့်    ကျောင်းသား   ကျောင်းသူများ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊    သူနာပြုများ၊  ကျန်းမာရေးဝန်ထမ်းများနှင့်   စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံပြည်သူ ၆၈၉၂  ဦး၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ကိုးမြို့နယ်တို့၌ ဒေသခံ ပြည်သူ  ၄၇၁၃  ဦး၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နှင့် ပဲခူးမြို့နယ် တို့၌  ဒေသခံပြည်သူ  ၁၅၀ တို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်  ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး   လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်း ရရှိသည်။

သတင်းစဉ်