
နေပြည်တော် မေ ၂၈
သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ကောင်းမွန်ပြီး မြေဆီလွှာပြုန်းတီးမှုနှင့် သဘာဝဘေး အန္တရာယ်များကို တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စုပေါင်းဒီရေတော သစ်ပင် စိုက်ပျိုးပွဲများကို မေ ၂၈ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့များ၌ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာ များနှင့် ပြည်သူလူထုများက ပူးပေါင်း၍ စုပေါင်းစိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးကြရာတွင် သမှဲ့ပင် ၇၀၀၊ သမှဲ့ကြီးပင် ၃၀၀၊ ကျနပင် ၃၀၀၊ ဗျူးခြေဝါ ပင် ၁၃၀၀၊ ဗျူးအုပ်ဆောင်းပင် ၁၃၀၀ စုစုပေါင်း အပင် ၃၉၀၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် ဒီရေတောစိုက်ခင်းဧက ၂၈၀၀ ၊ ဒီရေတောထင်းစိုက် ခင်း ၈၁၆ ဧက ၊ ပေါင်း ၃၆၁၆ ဧက ၊ အပင် ၁၁၃၁၀ ကို စိုက်ပျိုးသွားမည် ဖြစ်ပြီး ဒီရေတောစိုက်ခင်း ဧက ၂၈၀၀ မှ ယနေ့အထိ စိုက်ပျိုးပြီး ၅၈၇ ဧက၊ စိုက်ပျိုးရန်ကျန် ၂၂၁၃ ဧက၊ ဒီရေတောထင်းစိုက်ခင်း ၈၁၆ ဧကမှ ယနေ့အထိ စိုက်ပျိုးပြီး ဧက ၁၉၀ နှင့် စိုက်ပျိုးရန်ကျန် ၆၂၆ ဧက ဖြစ်ကာ စိုက်ပျိုးရန်ကျန်ဧကများကိုလည်း ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်