၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါသီးနှံ ဧကငါးသိန်း စိုက်ပျိုးသွားမည်

 

မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် မိုးနေကြာ မျိုးစေ့ထုတ် ဧက ၂၄၀၀ စိုက်ပျိုးရန်  လျာထားဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မေ   ၂၈


ပြည်တွင်း   အထည်ထုတ်လုပ်မှု အတွက်    ချည်မျှင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်၊  သွင်းကုန် အစားထိုးနိုင်ရန်နှင့်   ပိုလျှံသည် များကို ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရန်  ဝါသီးနှံ  စိုက်ဧရိယာကို နှစ်အလိုက်  တိုးချဲ့သွားမည်ဖြစ် ကြောင်း  ယမန်နေ့  နံနက်ပိုင်း က      မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ  ဝါသီးနှံ သုတေသနနှင့်  နည်းပညာဖွံ့ဖြိုး ရေးခြံ  (လွန်ကျော်ခြံ)၌   ဌာန ဆိုင်ရာ    တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊  မွေးမြူ ရေးနှင့်     ဆည်မြောင်းဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး    ဦးတင်ထွဋ်ဦးက ပြောကြားသည်။

 


တွေ့ဆုံရာတွင်  စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်  ဦးဇော်ထွန်းမြင့်၊  မန္တလေး တိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီး ဌာနမှူး၊   ဝါသီးနှံသုတေသနနှင့်    နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော် ခြံ)  တာဝန်ခံတို့က  သက်ဆိုင်ရာ ကဏ္ဍအလိုက်   ရှင်းလင်းတင်ပြ ကြရာ   ပြည်ထောင်စုဝန်ကြီးက  မျိုးစေ့ထုတ်     စိုက်ကွင်းများ  စိုက်ပျိုးရေ  ပြည့်ဝစွာရရှိရေး၊  ရေသွင်းမြောင်းများ     အဆင့် မြှင့်တင်ရန်၊    ရေတင်စက်များကို  ဆိုလာစနစ်တပ်ဆင်    အသုံးပြု နိုင်ရန်      လိုအပ်ချက်များနှင့်  မမျှော်မှန်းနိုင်သော   မိုးရွာသွန်းမှု ကြုံတွေ့လာပါက         သီးနှံများ  ပျက်စီးဆုံးရှုံးမှု     မရှိစေရေး အတွက်     ရေနုတ်မြောင်းများ တူးဖော်ထားရှိစေရေး  ဆည်မြောင်း နှင့်  ရေအသုံးချမှု   စီမံခန့်ခွဲရေး ဦးစီးဌာန       ပညာရှင်များက ကွင်းဆင်း   ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို     ဆွေးနွေး မှာကြားသည်။

 


မန္တလေးတိုင်းဒေသကြီးတွင် ချည်မျှင်    ရှည်ဝါစိုက်ဧက ၁၈၀၀၀၀  ကျော်ရှိပြီး  ချည်မျှင် ရှည်ဝါ   မျိုးကောင်းမျိုးသန့်များ တိုးချဲ့သုံးစွဲနိုင်ရန်   မျိုးစေ့ထုတ် တောင်သူများနှင့်      ပူးပေါင်း၍ ယခုနှစ်   မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက  ၃၀၀၀  ကျော် စိုက်ပျိုးထားရှိပြီးဖြစ်ကာ    မိုး နှောင်းကာလတွင်လည်း  ချည်မျှင် ရှည်ဝါ မျိုးစေ့ထုတ် ဧက ၃၀၀၀ ကျော်  ဆက်လက်စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်   တစ်နိုင်ငံလုံး၌ ဝါသီးနှံ   ဧကငါးသိန်း   စိုက်ပျိုး သွားမည်ဖြစ်ပြီး  အဆိုပါစိုက်ဧက အားလုံးအတွက်  ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်   မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရန်  စိုက်ပျိုးရေး ဦးစီးဌာန၊    ဝါနှင့်   လျှော်မျှင် ထွက်သီးနှံဌာနခွဲက    မျိုးစေ့ထုတ် တောင်သူများနှင့်    ပူးပေါင်း၍  အခြေခံမိဘ မျိုးစေ့ ၊ ဆင့်ပွားမိဘ မျိုးစေ့၊   စီးပွားဖြစ်  စိုက်ပျိုးရန် မျိုးစေ့ စသဖြင့်    မျိုးစေ့အဆင့် အလိုက် တိုးချဲ့ထုတ်လုပ်လျက်ရှိ ကြောင်း  သိရသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ရှိ         မြဘုရင်  နို့ချက်စက်ရုံသို့ ရောက်ရှိကြပြီး နို့မှုန့်စက်ရုံ၊          နို့ချက်စက်ရုံ၊ နို့ပေါင်းစက်ရုံ၊   တိရစ္ဆာန်အစာ စိုက်ခင်းနှင့်     နွားမွေးမြူရေးခြံ များကို    ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက  နို့စားနွား များ၏   နို့ထုတ်လုပ်မှု   အရည် အသွေးကောင်းမွန်ရေးနှင့်  နို့ထွက်  နှုန်းတည်ငြိမ်မှုရှိစေရန် နို့စားနွား မွေးမြူလုပ်ကိုင်နေသူ တောင်သူ များအား  လိုအပ်သော နည်းပညာ ပေးလုပ်ငန်းများ  ဆောင်ရွက်ပေး လျက်ရှိကြောင်း၊  ပုဂ္ဂလိက နို့နှင့် နို့ထွက်ပစ္စည်းများ   ထုတ်လုပ်မှု ကို    ခေတ်နှင့်အညီ   တိုးတက် ပြောင်းလဲပြီး   ဈေးနှုန်းယှဉ်ပြိုင် နိုင်ရေး၊   ဈေးကွက်ဝေစုရရှိရေး လုပ်ငန်းများ        ဆောင်ရွက်ရန် လိုအပ်ချက်များကို     အကြံပြု ဆွေးနွေး မှာကြားသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    စဉ့်ကိုင် မြို့နယ် ရွာဘိုကျေးရွာရှိ တစ်ဆက် တစ်စပ်တည်း ၃၅ ဧက မိုးနေကြာ မျိုးစေ့ထုတ်   စံပြစိုက်ကွင်းတွင် ဒေသခံ        နေကြာမျိုးစေ့ထုတ် တောင်သူများအား ရင်းနှီးခင်မင်စွာ တွေ့ဆုံဆွေးနွေးသည်။

 


စဉ့်ကိုင်မြို့နယ်တွင်  ယခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် ဧက ၄၀၀  စိုက်ပျိုးပြီးဖြစ်သည်။  မန္တလေး တိုင်းဒေသကြီး  တစ်ခုလုံးအနေ ဖြင့် မိုးနေကြာ မျိုးစေ့ထုတ် ဧက ၂၄၀၀   စိုက်ပျိုးရန်  လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                      

သတင်းစဉ်