ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ ကျင်းပ

 

နေပြည်တော်    မေ    ၂၇


ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲကို ယနေ့ နံနက်  ၁၀ နာရီက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်း၊    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်    ထင်လတ်ဦး၊   ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင် ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပန်းခင်းစီမံချက်သည်  ၂၀၂၁ ခုနှစ်  မေ  ၃ ရက်မှ ၂၀၂၂ ခုနှစ်   နိုဝင်ဘာ   ၃ ရက်အထိ    ၁၈  လကြာ သတ်မှတ်၍    တိုင်းဒေသကြီး/   ပြည်နယ်အလိုက် ဆောင်ရွက်ရန်ရှိသည့်    လျာထားချက်များအတိုင်း ပြည့်မီပြီးစီးအောင်  ဆောင်ရွက်ကြရမည့်  စီမံချက် တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် ယခုအခါ စီမံချက်ကာလ   တစ်နှစ်     ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီနှင့် မကွေး စသည့်တိုင်းဒေသကြီး ခြောက်ခုသည် တိုင်းလုံးကျွတ်လျာထားချက် ပြည့်မီ အောင်   ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊  ယခု ရခိုင် ပြည်နယ်သည်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးရန်  ၁၅၇၈၀၆   ကတ် လျာထားရာ ယခုအထိ ၁၈၃၃၉၉ ကတ် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်း  ထုတ်ပေးပြီးစီးပြီဖြစ်သည့်အတွက် ခုနစ်ခုမြောက် ပြည်နယ်လုံးကျွတ် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့   ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလ အတွင်း    လျာထားချက်   ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင်   ဆောင်ရွက်ပြီးဖြစ်သော်လည်း မှတ်တမ်းများ စနစ်တကျဖြစ်စေရေးနှင့် မှန်ကန် စေရေးအတွက် မြို့နယ်အချင်းချင်း၊ ခရိုင်အချင်းချင်း၊ အပြန်အလှန်     စစ်ဆေးဆောင်ရွက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ကြရမည်   ဖြစ်ပါကြောင်း၊ နိုင်ငံသားများကို နိုင်ငံသားကတ်ထုတ်ပေးခြင်းသည် လုပ်ငန်းသဘောသဘာဝအရ       စဉ်ဆက်မပြတ် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးက ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလို ကြောင်း ရှင်းလင်းပြောကြားသည်။  

 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က   လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့်     စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။ 
ယင်းနောက်   ရခိုင်ပြည်နယ်အတွင်း   ပန်းခင်း စီမံချက် ကွင်းဆင်းဆောင်ရွက်ခဲ့မှု မှတ်တမ်း  ဗီဒီယို  ကို ပြသသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်း စီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင်   ကြိုးပမ်းဆောင်ရွက် ပေးကြသည့်   ပြည်နယ်ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့် တာဝန်ရှိသူများကို      ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး      ပန်းခင်းစီမံချက်တွင်    စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှ ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးကာ     ရာထူးအဆင့် များကို တပ်ဆင်ပေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင်ရေး အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် ပြည်နယ် အတွင်းရှိ   ဌာနဆိုင်ရာများ၊   ခရိုင်နှင့်   မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့်   ဦးစီးမှူးများအား  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 


ထို့နောက်   ရခိုင်ရိုးရာ   မဟာနွယ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို   ရုပ်သိမ်း လိုက်ပြီး   ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူ များနှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အသီးသီး၏   ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မြို့နယ်အလိုက် လျာထားချက် ပြီးစီးမှု အထောက်အထား မှတ်တမ်းစာရွက်စာတမ်း များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 


ရခိုင်ပြည်နယ်အတွင်း    စစ်တွေ၊    မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲ စသည့် ခရိုင်ငါးခု၊ မြို့နယ် ၁၇ မြို့နယ်၊ ရပ်ကွက် ၁၈၉ ခု၊ ကျေးရွာအုပ်စု  ၁၀၃၇ အုပ်စု၊ ကျေးရွာပေါင်း ၃၇၃၈ ရွာရှိပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၇၈၀၆ ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု  ၁၈၃၃၉၉ ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၁၆ ဒသမ ၂၂)    ရာခိုင်နှုန်း    ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့် အတွက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာခိုင်နှုန်း ပြည့်မီကျော်လွန်ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊    တိုင်းမှူးနှင့်   တာဝန်ရှိသူများသည် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး မှ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။                                        

 သတင်းစဉ်