၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

 


(ယမန်နေ့မှ အဆက်) 


 Trend ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝဏ္ဏက ၂၀၂၂ ခုနှစ်  မေ၂၀ ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် EAOs ခေါင်းဆောင်များနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ  ပြုလုပ်မည်ဟုသိရကြောင်း၊  ဗိုလ်ချုပ်ကလည်း အခွင့်အခါကောင်း၊ အချိန်အခါကောင်းဟု ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့ကြောင်း၊ မေးခွန်းနံပါတ်တစ်အနေဖြင့် အဆိုပါ ကိစ္စ  မည်မျှအထိ  အောင်မြင်နိုင်လိမ့်မည်နှင့်   မည်မျှအထိအကျိုး သက်ရောက်မှုရှိလိမ့်မည်ကို  သိလိုကြောင်း၊  ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်သည့်    EAOs များအပေါ်    နစက၏သဘောထား ကိုသိလိုကြောင်း၊ မေးခွန်းနံပါတ်နှစ်အနေဖြင့် KNU သည် ၎င်းနယ် မြေအတွင်းရှိ တပ်မတော်စခန်းများကို ထွက်ခွာပေးရန်ပြောခြင်းသည် တပ်မတော်ကို စိန်ခေါ်ရာရောက်ကြောင်း၊ ထိုကိစ္စကိုလည်းဖြေကြားပေးစေလိုကြောင်း၊ စစ်ကိုင်း၊  မကွေးဘက်နှင့် အချို့နေရာများတွင် ဖမ်းဆီးရမိသည့် လက်နက်များသည် KIA လက်နက်များဖြစ်သည်ဟုပြောကြကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အနေ ဖြင့်  မည်ကဲ့သို့ဆောင်ရွက်နေသည်နှင့် မည်သို့တန်ပြန်ဆောင်ရွက်ရန်ရှိသည်ကိုသိလိုကြောင်း၊ NUG က နိုင်ငံတကာကို လက်နက်များ ထောက်ပံ့ရန် တောင်းခံသည့်ကိစ္စသည် မြန်မာနိုင်ငံကို ယူကရိန်းကဲ့သို့ အနောက်အုပ်စုက ဝင်ရောက်စွက်ဖက်လာပါက တပ်မတော်အနေဖြင့် မည်သို့ဖြေရှင်းရန် စီစဉ်ထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

 


ငြိမ်းချမ်းရေးဆွေးနွေးမှု


    ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့်ပတ်သက်၍ အောင်မြင်ခြင်း၊  မအောင်မြင်ခြင်းသည်  ဆွေးနွေးသည့်အချိန်တွင် ပိုမိုသိရနိုင်ကြောင်း၊ ရလဒ်တစ်ခုထွက်အောင်ဆွေးနွေးမည်ဟု သန္နိ ဋ္ဌာန် စိတ်ချထားကြောင်း၊  ဤသန္နိဋ္ဌာန်စိတ်ဖြင့်ဆောင်ရွက်လျှင် မအောင် မြင်စရာမရှိကြောင်း၊ မိမိအနေဖြင့် ဖြစ်လာနိုင်မည့် အချက် (၄)ချက်ကို ပြောမည်ဖြစ်ကြောင်း၊ (၁) အတွေ့အကြုံ၊ (၂) အချိန်အခါ၊ (၃) စိတ်ဆန္ဒ၊  (၄) ပါဝင်သင့်ပါဝင်ထိုက်သူ/သက်ဆိုင်သည့်သူများ   ဖြစ်ကြောင်း၊ အတွေ့အကြုံနှင့်ပတ်သက်ပြီး ပထမဦးဆုံးပြောလိုကြောင်း၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင်     လက်တွေ့လုပ်ဆောင် နေသည့်     အတွေ့အကြုံများရှိရန်     ပို၍အရေးကြီးကြောင်း၊ မိမိစိတ်ထဲရှိသည်များကို   ပြောခြင်းမဟုတ်ကြောင်း၊    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်   အနီးစပ်ဆုံး ငြိမ်းချမ်းရေးရရှိသွားသည့် ကိုလံဘီယာ နိုင်ငံ၏သမ္မတ ဂျူအန်မန်နျူရယ်ဆန်းတို့စ် (Juan Manuel Santos)သည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို  ၂၀၁၆ ခုနှစ်ခန့်တွင် ရရှိသူဖြစ်ပြီး ယင်းနိုင်ငံရှိ FARC သူပုန်များနှင့် ငြိမ်းချမ်းရေးရရှိခဲ့သူဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်မှာ ၂၀၀၆ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး FARC သူပုန်များကို တိုက်ရသည်သာမက  စကားပြောဆိုဆွေးနွေးခြင်းကို လည်း ဆောင်ရွက်ခဲ့ရကြောင်း၊ စကားပြောခြင်းဆိုသည်မှာ ငြိမ်းချမ်း ရေးစကားမဟုတ်ကြောင်း၊   ၂၀၁၀ တွင်    သမ္မတဖြစ်ပြီး FARC ခေါင်းဆောင်နှင့်သိပြီးဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းများ မြန်ဆန်လာပြီး ၂၀၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေးရရှိခဲ့ကြောင်း၊ နှစ်အတန်ကြာ ငြိမ်းချမ်း ရေး မရရှိခဲ့သည့်ကိစ္စဖြစ်ကြောင်း။

 


ထို့ကြောင့်  ငြိမ်းချမ်းရေးလုပ်ငန်းများတွင်  အတွေ့အကြုံသည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ယခုဦးဆောင်ဆွေးနွေးမည့် ခေါင်းဆောင် များကိုကြည့်မည်ဆိုပါက  ဦးဆောင်ဆွေးနွေးမည့် EAOs ခေါင်းဆောင် များသည်  နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသူများဖြစ်ကြောင်း၊ တပ်မတော်ဘက်တွင်လည်း တိုင်းမှူးတာဝန် ထမ်းဆောင်ရသည်နှင့် EAOs အဖွဲ့များနှင့် ပြောဆိုဆက်ဆံရကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးဆောင်ရွက်ရကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်တို့သည်      NCA တွင် ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများဖြစ်ကြောင်း၊     ယခု လက်ရှိရာထူးများမရမီကပင် လက်ရှိတာဝန်များကို  ထမ်းဆောင် နေသူများဖြစ်ကြောင်း၊   ထို့ကြောင့်     နံပါတ်(၁) အတွေ့အကြုံနှင့် ပတ်သက်၍  ပြောစရာမလိုကြောင်း၊   နံပါတ်(၂) အချိန်အခါကိစ္စကို မိမိမကြာခဏပြောခဲ့ကြောင်း၊    ယခင်က အစိုးရ၊     လွှတ်တော်၊ တပ်မတော် သုံးပိုင်းကွဲနေကြောင်း၊ ယနေ့အချိန်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် တစ်ပိုင်းတည်း၊  တစ်ခုတည်းဖြစ်၍  အခြေအနေအချိန် အခါပေးကြောင်း၊  နံပါတ်(၃) စိတ်ဆန္ဒနှင့်ပတ်သက်ပြီး  မိမိပြောပြီး ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထား ကြောင်း၊ လွတ်လပ်ရေးရပြီး (၇၅)နှစ်အကြာ ပြည်သူလူထု၏   ဒီမို ကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်ရေးပြည့်ပြည့်ဝဝခံစားရစေရန် မိမိတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စိတ်ဆန္ဒလည်းရှိကြောင်း၊ နံပါတ်(၄) ပါဝင်ဆောင်ရွက်မှုများတွင် အနည်းငယ်အားနည်းသည်ကို မြင်တွေ့ရ မည်ဖြစ်ကြောင်း။

 


ပြည်သူလူထု ပါဝင်ရန်လိုအပ်


အထက်ကပြောခဲ့သော ကိုလံဘီယာတွင် အစိုးရနှင့် FARC သူပုန် များ ငြိမ်းချမ်းရေးဆောင်ရွက်စဉ်  သမ္မတနှင့်  FARC ခေါင်းဆောင် တို့၏ သဘောတူစာချုပ်ကို ပြည်သူလူထုသို့ချပြပြီး ပြည်သူမှ အဆိုပါ သဘောတူစာချုပ်၌  FARC သူပုန်များသည် အခွင့်အရေးယူလွန်းသည် ဟူ၍ ကန့်ကွက်ကြကြောင်း၊ ပြန်ပြင်ရကြောင်း၊ ပါဝင်မှုများကြောင်း၊ ပါဝင်မှုဆိုသည်မှာ    တိုင်းရင်းသားပြည်သူလူထုကို ဆိုလိုကြောင်း၊ မိမိတို့သည်   အရေးကြီးသောအခြေအနေတွင်   ရောက်နေကြောင်း၊ လက်နက်ကိုင်  ပဋိပက္ခများချုပ်ငြိမ်းစေရေး၊  ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့လိုလားသော ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းရေး၊ ရည်မှန်း ထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စု စနစ်သွားနိုင်ရေးအတွက် ပြည့်ပြည့်ဝဝလျှောက်လှမ်းနိုင်ရန် လက်နက် ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရန်လိုကြောင်း၊ အထက်ပါ (၄)ချက်တွင် သုံးချက် သည်  ပြည့်စုံပြီးဖြစ်ကြောင်း၊  တစ်ချက်သည် အနည်းငယ်လိုနေ ကြောင်း၊ ထောက်ခံသူများ၊ ကန့်ကွက်သူများမျိုးစုံရှိကြောင်း၊  ပြည်သူ လူထုအနေဖြင့်လည်း    ပါဝင်ဆောင်ရွက်ပေးကြရန်၊  တွန်းအားပေး ကြရန်တိုက်တွန်းလိုကြောင်း၊ မီဒီယာများကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြရန်၊ တွန်းအားပေးကြရန်၊ လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း။

 


နောက်တစ်ချက်အနေဖြင့် KNU သည် တပ်မတော် တပ်စခန်းများ စွန့်ခွာရန် ယခုမှ စာထုတ်ခြင်း၊ ပြောခြင်းမဟုတ်ကြောင်း၊ ယခင်က လည်း  ထို့အတူပြောခဲ့ကြောင်း၊  တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မဟာဗျူဟာအရ၊ နည်းဗျူဟာအရ၊ စစ်ရေးအရ၊ နိုင်ငံတော်ကာကွယ်ရေးအရ အကာအကွယ်ပေးရမည့်နေရာများတွင် အခြေချစခန်းများ ထားရှိရကြောင်း၊   ကရင်ပြည်နယ်ထဲတွင်လည်း နယ်စပ်စခန်းများကို    ဆောက်လုပ်ထားကြောင်း၊    မိမိတို့သာ ဆောက်လုပ်ရသည်မဟုတ်ဘဲ   နိုင်ငံတိုင်းသည်   နယ်စပ်များတွင် ကာကွယ်ရေးနှင့်    လုံခြုံရေးကိစ္စများအတွက်    တပ်စခန်းများ ဆောက်လုပ်ထားကြောင်း၊ ကရင်ပြည်နယ်တွင်ရှိသည့် စခန်းအများ စုသည် နယ်စပ်စခန်းများဖြစ်ကြောင်း၊  အတွင်းပိုင်းရှိ    တချို့စခန်း များမှာလည်း နယ်စပ်စခန်းများသို့သွားသည့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းပေါ်တွင်ရှိသော စခန်းများဖြစ်ကြောင်း၊ ထိုအချက်များ သည်   နိုင်ငံတိုင်းလုပ်ဆောင်ရမည့်တာဝန်ဖြစ်သည်ကို   သိရှိရန် လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်အတွက် မိမိတို့အနေဖြင့် လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း။

 


သတိပေးစကားပြောလို


လက်နက်ထောက်ပံ့သည့်ကိစ္စနှင့်ပတ်သက်၍   ပြောရလျှင် လက်နက်များဖမ်းမိခဲ့ကြောင်း၊ တချို့လက်နက်များသည် သုံးပြီး သားလက်နက်များဖြစ်ပြီး EAOs ထံမှရရှိခြင်းဖြစ်ကြောင်း၊ တစ်ဖက် နိုင်ငံများမှရရှိခြင်းများလည်းရှိကြောင်း၊     လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်ပြီး  စစ်ဆေး ခြင်းများ၊ ကြီးကြပ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ EAOs များထံ မှရရှိသည့် လက်နက်များသည် KNUမှ   လက်နက်များဟူ၍လည်း ပြောကြကြောင်း၊  သို့သော်  ၎င်းတို့က လက်နက်ထုတ်လုပ်ခြင်းမျိုး မရှိကြောင်း၊ PDF များသည် KNU ထံတွင် ရောက်နေသည်ကို မကြာမီ ကပြခဲ့သည့် Video ဖိုင်တွင်တွေ့နိုင်ကြောင်း၊ ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊  ဘုရားချင်းအတူတူ  ကျမ်းစာကိုရွတ်ရမည်ဟူ၍ ပြောကြောင်း၊ ရောက်နေသောသူများ၏ မျက်နှာကိုကြည့်ခြင်းဖြင့် သိနိုင်ကြောင်း၊ ယင်းအချက်များနှင့်ပတ်သက်ပြီး မိမိအနေဖြင့်သတိပေးစကားတစ်ခွန်းကို ထပ်ပြောလိုကြောင်း၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို အားပေးထောက်ပံ့နေသူများသည် အကြမ်း ဖက်သူများဖြစ်ကြောင်း၊  နောက်တစ်ချက်သည်  ပဲခူးရိုးမဒေသရှိ ဗကပ(ဗဟို) အရှေ့မြောက်ဒေသသို့ရောက်ရှိသွားပြီး အရှေ့မြောက် တိုင်းတွင် မည်သို့မည်ပုံဖြစ်ခဲ့ကြောင်းကို သမိုင်းသင်ခန်းစာယူဖို့ပြော လိုကြောင်း ပြန်လည်ဖြေကြားသည်။

 


    Voice of Myanmar သတင်းဌာနမှ    ဦးမောင်မောင်ထွန်းက  ငြိမ်းချမ်းရေးဆွေးနွေးမည့်နေရာတွင်   မီဒီယာများကို  သတင်းယူ ခွင့်ပြုမည်လား သိလိုကြောင်း၊ အာဆီယံနှင့် အနောက်နိုင်ငံတချို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်   အဆက်အသွယ်လျှော့ပြီး NUG ကို အရေးတယူဆက်ဆံသည့်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနှင့် မည်ကဲ့သို့သဘောထားရှိသလဲ၊ မည်သို့ပြင်ဆင် သည်ကို သိလိုကြောင်း၊ ဗိုလ်ချုပ် Power Point တွင်ပြခဲ့သကဲ့သို့ မြိုင်မြို့နယ်  ကန်နီရွာတွင်ဖြစ်ပွားခဲ့သည့်  ဖြစ်စဉ်တွင် NLD ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင်နှင့် မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးဖြစ်သူ ဦးသန့်ဇင်ခိုင်တို့သည် မြေပြင်တွင်အကျိုးတူစီးပွားရေးလုပ် နေသည်ဟုသိရကြောင်း၊ ၎င်းတို့နှစ်ဦးပေါင်းပြီး ကျေးရွာသား ၂၀ ကို အမှုဖွင့်၊ အရေးယူ၊ ဖမ်းဆီး၊ အကျဉ်းချထားသည်များရှိကြောင်း၊ ထိုကျေးရွာသားများသည် ယခုအချိန်ထိလည်း မလွတ်မြောက်သေးပါ ကြောင်း၊ လက်ရှိတွင် တရားစွဲထားသည့် ဦးမြင့်နိုင်က PDF ထောက်ပံ့၊ အုပ်ချုပ်ရေးမှူးကလည်း CDM လုပ်ပြီး   အဆိုပါမြို့နယ်တွင်မရှိပါ ကြောင်း၊ တရားလိုများမရှိတော့ဘဲ အကျဉ်းချခံနေရသည့် ထိုကျေးရွာ သား ၂၀ အတွက်  မည်ကဲ့သို့   အမှုကင်းအောင်ဆောင်ရွက်ပေး နိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက  ငြိမ်းချမ်းရေးဆွေးနွေးမည့်အချိန်ကို မိမိပြောပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမည့်နေရာသည် မိမိ တို့အတွင်းထဲတွင်သာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ယခုလောလောဆယ် တွင် သတင်းယူခွင့် မပေးနိုင်သေးကြောင်း၊ ခေါင်းဆောင်များအဆင့် ဆွေးနွေးသည်များကို မိမိတို့ထုတ်ပြန်သင့်သည်များကို ထုတ်ပြန်မည် ဖြစ်ကြောင်း၊ သို့သော် ထိုဆွေးနွေးပွဲသည် အရှိန်ရသည့်အခါ မီဒီယာ များနှင့်    ပူးပေါင်းဆောင်ရွက်သင့်သည်များ၊   အသိပေးသင့်သည်  များကို  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ယခုအချိန်တွင်   မဖြစ်နိုင် သေးပါကြောင်း၊ တချို့သောအကြောင်းအရာများ၊   ကိစ္စများသည်   မီဒီယာများနှင့်ပတ်သက်၍   ချပြလိုက်သည့်အခါတွင်ဖြစ်စေ၊   အမှန် တကယ် ဆွေးနွေးသည့်အခါတွင်ဖြစ်စေ  ထိုကိစ္စများသည်   ညှိနှိုင်းဆဲ အခြေအနေမျိုးတွင် ရှိနိုင်သည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ အာဆီယံ နှင့်ပတ်သက်၍ မိမိတို့၏ ရပ်တည်ချက်သဘောတရားသည် ပြောင်းလဲ မည် မဟုတ်ကြောင်း၊ ပြောင်းလဲစရာအကြောင်းလည်းမရှိပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ ထိုကြောင့် အာဆီယံအထဲမှာလည်း မိမိတို့ကို နားလည်ထောက်ထား နိုင်သည့် လက်တွေ့အခြေအနေကို  သဘောပေါက်သည့် နိုင်ငံများရှိ ကြောင်း၊ တချို့သော သဘောမပေါက်သည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိပြောခဲ့သကဲ့သို့ သံတမန်ရေးရာနှင့်ပတ်သက်၍ လျှော့ချသည့် ပုံစံမျိုးများ၊  နှုတ်ကမပြောသော်လည်း  လက်တွေ့လုပ်နေသည့် ပုံစံမျိုးများရှိကြောင်း၊  ယင်းနှင့််ပတ်သက်၍  မိမိတို့အနေနှင့်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားကိုကြည့်ပြီး တုံ့ပြန်ဆောင်ရွက်သင့် သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိုင်မြို့နယ် ကန်နီရွာ ကိစ္စနှင့်ပတ်သက်၍ သတင်းထောက်ကြီးပြောသည်မှာ မှန်ပါကြောင်း၊ ထိုရွာတွင် အသံချဲ့စက်နှင့််ရပ်ကွက်ကို နှိပ်စက်ခဲ့သည့်သူနှင့် နောက် တစ်ယောက်သည် အရိုက်လည်းခံရပြီး သေဆုံးခဲ့သည့် ရွာသားများ ဘက်ကို ဦးအောင်တရားစွဲခဲ့ကြောင်း၊ သေလည်းသေပြီး တရားလည်း အစွဲခံရသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ထိုသို့တရားအစွဲခံရသူများ သည်  ယခုအချိန်ထိ မလွတ်သေးပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မိမိကြားရသည့်သတင်းသည်  ၎င်းတို့ကိုအာမခံပေးနိုင်ရန်   အမြန် လုပ်ဆောင်နေသည်ဟုသိရကြောင်း၊ နောက်ထပ်သတင်းကြားလျှင် လည်း မိမိအကြောင်းကြားပေးမည်ဖြစ်‌ကြောင်း ပြန်လည်ဖြေကြား သည်။

 


    One News သတင်းဌာနမှ ဦးသွင်ထူးအောင်က  ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို  လက်ရှိတွင် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများ     မတက်ရောက်သည့် အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအပေါ်  မည်သို့သက်ရောက်မှုရှိ လာနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး


    ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို    ဖေဖော်ဝါရီလတွင်    အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန် လာသည့်ခရီးစဉ် ကတည်းက မိမိတို့ တစ်နှစ် ထပ်မံရပ်ဆိုင်းပေးမည်ဟု ပြောခဲ့ပြီး ဖြစ်ကြောင်း၊ တစ်နှစ်ရပ်ဆိုင်းပေးပြီးသည့်အတွင်းမှာပင် ပစ်ခတ်မှု ဖြစ်နေသည်များရှိကြောင်း၊ ယခင်ကတည်းက ကချင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲများရှိကြောင်း၊ ဖေဖော်ဝါရီလပြီးမှ ဖြစ်ပေါ်လာသောထိတွေ့တိုက်ပွဲများမှာ ကယားပြည်နယ်၊ ချင်း၊ KNU ကရင်ပြည်နယ် ထိုနေရာများတွင် ဖြစ်ပေါ်နေသည်များရှိကြောင်း၊  ထိုသို့ ဖြစ်ပေါ်လာ သည့် အကြောင်းအရင်းသည် PDF များ၊ တောခိုသွားသည့်သူများ၊ ပြည်ပြေးများရောက်သွားသည့်အခါတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးသည့်မေးခွန်းထဲတွင် တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများနှင့်   ငြိမ်းချမ်းရေး ဆွေးနွေးသည့်အခါ   အကျိုးသက်ရောက်မှုရှိခြင်းနှင့်ပတ်သက်၍ ၎င်းတို့အနေနှင့်   ယခင်ကတည်းက  ရည်ရွယ်ချက်ရှိသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မပါဝင်ခြင်းဖြစ်ကြောင်း၊ မိမိပြောခဲ့ သကဲ့သို့ ၎င်းတို့၏ ဒေသခံပြည်သူလူထု၊ ၎င်းတို့၏ ဒေသအပေါ်တွင် ထားရှိသည့် စေတနာကိုမြင်ရခြင်းဖြစ်ကြောင်း၊  ထိုနေရာများတွင် တိုက်ပွဲဖြစ်နေလျှင် မည်သူတို့နစ်နာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်လျှင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ နစ်နာ မည်ဖြစ်သော်လည်း အနစ်နာဆုံးသည် ထိုနေရာတွင်ရှိနေသည့် မိမိ တို့၏ တိုင်းရင်းသားလုပ်သားပြည်သူများသာဖြစ်ကြောင်း၊ ၎င်းတို့ ငြိမ်းချမ်းရေးဆွေးနွေးခြင်းကို မလုပ်နိုင်ခြင်းသည်  ၎င်းတို့၏ဒေသခံ ပြည်သူလူထုအပေါ်၊    ၎င်းတို့၏ဒေသအပေါ်   ၎င်းတို့ထားရှိသည့် စေတနာသည် မှန်/မမှန်ကိုသာ ဆန်းစစ်ရန်လိုကြောင်း ပြန်လည် ဖြေကြားသည်။

 


    One News သတင်းဌာနမှ ဦးသွင်ထူးအောင်က  လက်ရှိတွင် ကုန်ဈေးနှုန်းသည်    အစစအရာရာတက်နေကြောင်း၊      အခြေခံ စားသောက်ကုန်များလည်း  ဈေးတက်နေကြောင်း၊   ဥပမာ ယခင်က ရပ်ကွက်ထဲတွင် ဟင်းချိုမှုန့်အသေးတစ်ထုပ်ကို ၂၀၀ ကျပ် ရောင်းသော် လည်း ယခုတွင် ၅၀၀ ကျပ်ခန့်အထိဖြစ်လာကြောင်း၊ ထိုသို့ စီးပွားရေး လုပ်ငန်းတွင်   တစ်ဖက်မှာငှားရမ်းခများ၊  ဝယ်ယူရသည့်ဈေးနှုန်း များသည် မြင့်တက်လာသော်လည်း ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာ ကုန်ကျစရိတ်ကို ကာမိရန်အတွက်ပင် ပြန်မရဖြစ်နေကြောင်း၊ ဝင်ငွေ နှင့် ထွက်ငွေမမျှတဘဲ အရှုံးများလာကြသည့် အနေအထားရှိကြောင်း၊ ကုန်‌ဈေးနှုန်းများတက်လာသော်လည်း      ဝင်ငွေကတိုးမလာသည့် အတွက် ပြည်သူများမှာ အခက်အခဲရှိလာကြောင်း၊ ယင်းအခြေအနေ မျိုးတွင်  ပြည်သူများစီးပွားရေးလုပ်ငန်းများကို ဝင်ငွေထွက်ငွေမျှတပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာအောင်   မည်သို့ဆောင်ရွက်မည့် အစီစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


    ဗိုလ်ချုပ် ဇော်မင်းထွန်းက  အစိုးရအနေနှင့်   ပြည်သူများ၏ လုပ်ငန်းနှင့်ပတ်သက်၍   ကူညီနိုင်သည်များကို   ကူညီပေးရန်သာ ရှိကြောင်း၊   ဆိုလိုသည်မှာ    စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ၊ ဥပမာ ဓာတ်မြေဩဇာလိုသည်ဆိုလျှင် မိမိတို့အနေနှင့် မည်သို့တင်သွင်းပေးရမည်၊  နည်းပညာကို  မည်သို့ ဖြန့်ဖြူးပေးရမည်ဆိုသည်ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းလာပြီး ထွက်ငွေများလာသည်ဆိုသည်မှာ မိမိ၏အလုပ် လုပ်နိုင်မှုပေါ်တွင်လည်း မူတည်ကြောင်း၊ အစိုးရအနေနှင့် လုပ်ငန်း များ ဖန်တီးပေးနိုင်ရန် လုပ်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအလိုက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများတွင်    ပံ့ပိုးပေးနိုင်မည့်အရာမှန်သမျှ မိမိတို့ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ မိမိတို့ လုပ်ပေးနိုင်သည်မှာ ကိုဗစ်ကာလတွင် ချေးထားသည့်ချေးငွေများကို ပြန်လည်ပေးဆပ်ရမည့်အချိန်ကို လစဉ်၊ လစဉ် ဆိုင်းငံ့ပေးသွားခြင်း မျိုးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ကမ္ဘာတစ်ဝန်းလုံး၌ဖြစ်နေသည့်  ကိုဗစ်ကြောင့်  စီးပွားရေးကျဆင်း သည့် ဝေဒနာခံစားနေရခြင်းများရှိကြောင်း၊  မိမိတို့၏ ပို့ကုန်အများစု၊ လုပ်ငန်းအများစုသည်     စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းကိုအခြေခံ ကြောင်း၊  စိုက်ပျိုးရေးထွက်ကုန်သည်လည်း နယ်စပ်ကုန်သွယ်ရေးကို အဓိကအားကိုးနေရကြောင်း၊     နယ်စပ်ကုန်သွယ်ရေးသည်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်အတွက် ပိတ်ထားခဲ့ရကြောင်း၊ ထိုသို့ ပိတ်ထားသည့်အတွက် အောက်ခြေပြည်သူလူထုတွင်လည်း ထိခိုက် နစ်နာမှုများရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်ကလည်း ပြန်လည်ဖွင့်နိုင်ရန်  မကြာသေးခင်က ၁၀၅ မိုင်ဂိတ်၊ တရုတ်ဘက်မှ ဝင်ရသည့်ဂိတ်များကို   ဖွင့်လိုက်သည်များရှိကြောင်း၊   ထိုဂိတ်များ တွင်လည်း စည်းကမ်းစနစ်တကျ  ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  အစိုးရအနေနှင့်  မိမိတို့လုပ်နိုင်သည့်အရာမှန်သမျှ  ကို တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် လုပ်ဆောင်ပေးလျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
    Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက  နိုင်ငံကြီးများတွင် ၁၈ နှစ်မပြည့်ခင်အထိ ထောက်ပံ့ပေးမှုများ၊ အသက် အရွယ်ကြီးရင့်သူများအား ထောက်ပံ့ပေးခြင်းများကို မြန်မာနိုင်ငံ သားများက   အင်မတန်အားကျကြပါကြောင်း၊   သို့ရာတွင်   ထိုသို့ ထောက်ပံ့မှုများမှာ နိုင်ငံသားများကပေးသည့် အခွန်အခများကိုသာ စီမံခန့်ခွဲ၍ပေးခြင်းဖြစ်သည်ကို  မိမိတို့နိုင်ငံသားများက မေ့နေကြ ကြောင်း၊  ဒီမိုကရေစီနိုင်ငံတစ်ခုကို ထူထောင်လိုသည်ဆိုလျှင် နိုင်ငံ သားများသည် အခွန်ထမ်းခြင်းကို ကြောက်ရွံ့နေ၍မရကြောင်း၊  ယခု ကြီးငယ်မဟူ အခွန်ရှောင်နေကြကြောင်း၊ ကုမ္ပဏီကြီးများအနေနှင့်် အခွန်ကို လွှဲရှောင်နေခြင်းသည် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အင်မတန်နစ်နာသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားကောင်းများ အနေနှင့်   မဖြစ်သင့်သလို    နိုင်ငံတော်အစိုးရအနေနှင့်ကလည်း နိုင်ငံသားတစ်ယောက်၏ ဝင်ငွေနှင့်မျှတသည့် အခွန်ကိုသာ ကောက်ခံ သင့်ပါကြောင်း၊ ယခု အခွန်ကောက်ခံသည့်စနစ် ပျက်ယွင်းနေသည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊   ထိုသို့ပျက်ယွင်းနေသည့်    အခွန် ကောက်ခံသည့်စနစ်ကို မည်သို့ပြန်လည်ပြုပြင်မည်လဲ၊ သင့်တင့်မျှတ သည့်   နှုန်းထားများနှင့်   မည်သို့ပြန်လည်ကောက်ခံမှုပြုမည်လဲ၊ အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဆိုသည့်ကိစ္စဟုတ်/ မဟုတ် သိလိုကြောင်း မေးမြန်းသည်။

 


အခွန်အကောက်ကိစ္စများ


    ဗိုလ်ချုပ် ‌ဇော်မင်းထွန်းက  မိမိပြောခဲ့သည်ထဲတွင် ပါပြီးဖြစ် ကြောင်း၊  တချို့ကိစ္စများသည် ဘဏ်ငွေရေး၊ ကြေးရေးကိစ္စများ၊ ပို့ကုန်၊ သွင်းကုန်များတွင် အခွန်ကောက်သည့်ကိစ္စ၊ အခွန်ပြန်လည် ပေးသွင်းရသည့် ကိစ္စများနှင့်ပတ်သက်၍ စည်းစနစ်မကျသည်များကို စည်းစနစ်ကျရန် ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်က အမျိုးမျိုးသောအကြောင်းများကြောင့် မကိုင်တွယ်ရဲသည် များရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်၍ စတင်ကိုင်တွယ်လျက်ရှိကြောင်း၊ ဥပမာ မိမိတို့ပြောနေသည့်၊ အပြင်၌လည်းပြန့်နေသည့်၊ မိမိကိုလည်း မီဒီယာများမေးသည့်  ဖုန်းများနှင့်ပတ်သက်၍   မှတ်ပုံတင်ရမည်ဆို သည်မှာ  ဖုန်းနံပါတ်ကိုမှတ်ပုံတင်ခြင်းမဟုတ်ကြောင်း၊  ဖုန်းတွင်ပါ သည့်နံပါတ်ကို   မှတ်ပုံတင်ရမည်ဟု  မိမိတို့ပြောခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကိုလည်း  အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဖုန်းအကုန်လုံးသည် ပြည်တွင်းသို့ဝင်လာသည့် အခါ မည်သည့်အခွန်မျှမပေးဆောင်ဘဲ ဝင်လာကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက်လည်း အခွန်ဆုံးရှုံးရကြောင်း၊ အခွန်ဆိုသည်မှာ လည်း နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း၊ ထိုသို့အခွန်များဆုံးရှုံးသည့်အတွက်ကြောင့် မဆုံးရှုံး စေရန် စစ်ဆေးသည့်နည်းလမ်းသည် ဖုန်းတွင်ပါသည့်နံပါတ်ကို မှတ်ပုံ တင်ပြီး ဖုန်းတင်သွင်းလာသည့် ကုမ္ပဏီကြီးများကို အခွန်ဆောင်ခိုင်း မည်ဖြစ်ကြောင်း၊   ပြည်သူလူထုကို   အခွန်ဆောင်ခိုင်းခြင်းမဟုတ်ကြောင်း။

 


ထိုအခွန်ဆောင်ခြင်းများကို ယခင်ကတည်းက လွှတ်ပေးထား ကြောင်း၊ ထိုကိစ္စများကို မိမိတို့ ပြန်လည်ကန့်သတ်နေသည်များရှိ ကြောင်း၊ မိမိတို့အနေနှင့် စည်းကမ်းနည်းလမ်းကျလာစေရန် ပြုလုပ် ရမည်များမှာ မိမိပြောခဲ့သည့်ကုမ္ပဏီများ၊ ပြည်ပပို့ကုန်များ၊ ကုမ္ပဏီများအမည်စာရင်းသွင်းရမည်ဖြစ်ကြောင်း၊  အမည်စာရင်းသွင်းခြင်း သည် ၂၀၁၆ ခုနစ်ကတည်းက စာရင်းမသွင်းခဲ့သည်မှာ ယနေ့အချိန် အထိ ဖြစ်ကြောင်း၊  ဥပဒေပြဋ္ဌာန်းချက်တွင်လည်း  သတ်မှတ်ထား သည့်ကာလအတွင်း စာရင်းသွင်းရမည်ဆိုသည်မှာ ပါပြီးဖြစ်ကြောင်း၊ ယခုလိုအရေးယူသည့်အခါမှသာ မည်သို့၊ မည်ပုံဖြစ်သည်ဟူ၍ ပြောနေ ကြသည်များလည်းရှိကြောင်း၊ သို့သော် ယခုအချိန်တွင် ထိုအခွန် စနစ်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍သော်လည်းကောင်း    စည်းကမ်းနည်းလမ်းကျအောင် မိမိတို့   ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊   ထိုသို့ ဆက်လက်လုပ်ဆောင်သွားမှသာလျှင် မိမိတို့နိုင်ငံအနေနှင့် ရေရှည် တည်တံ့မည်ဖြစ်ကြောင်း၊   အခွန်စနစ်များတွင်လည်း   လိုအပ်ချက် အများကြီးရှိနေကြောင်း၊ ယင်းကို    ထောက်ပြသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊    ယင်းကိစ္စနှင့်ပတ်သက်၍     လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

 


    Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အခွန်နှုန်းထားများကို  တိုးမြှင့်ကောက်ခံမည်ဟု  ကောလာဟလ သတင်းများ ထွက်နေသည်မှာ ဟုတ်/ မဟုတ် သိလိုကြောင်း မေးမြန်း သည်။

 


    ဗိုလ်ချုပ် ဇော်မင်းထွန်းက အခွန်နှုန်းထားများနှင့်ပတ်သက်၍ တချို့သော အခွန်နှုန်းထားများကို သင့်တင့်သည့်အခွန်နှုန်းထားများ နှင့် ကောက်ခံရန်ရှိကြောင်း၊ မိမိတို့ ကောက်ခံသည်မှာ ပြည်သူလူထု အပေါ်တွင် ကောက်ခံမည်မဟုတ်ကြောင်း၊ ပြည်သူလူထုနှင့်ပတ်သက် သည့်ကိစ္စများတွင် မိမိတို့ ကောက်ခံမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီ နိုင်ငံများတွင်ရှိနေသောပုံစံဖြစ်သည့်   စီးပွားရေးလုပ်သည့်ကုမ္ပဏီ ကြီးများ၊ လုပ်ငန်းများအပေါ်တွင် အများဆုံးအခွန်ကောက်မည်ဖြစ် ကြောင်း၊ ပြည်သူလူထုဆောင်ရမည့် သာမန်အခွန်များကို တိုးမြှင့် ကောက်ခံရန်၊ နှုန်းထားအများကြီး တိုးမြှင့်ကောက်ခံရန် အစီအစဉ် လည်း မရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်လာလျှင် မိမိပြောခဲ့သလို    လုပ်ဆောင်သွားရန်အခြေအနေများရှိကြောင်း ပြန်လည်ဖြေကြားသည်။

 


    Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ဒုတိယမေးခွန်းအနေဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်း    တစ်ယောက်တည်း ရယူခဲ့ခြင်းမဟုတ်ကြောင်း၊  ရဲဘော်သုံးကျိပ်လည်းပါဝင်ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းသည်လည်း မြန်မာနိုင်ငံ၏  ရှုပ်ထွေးပွေလီလှသည့်နိုင်ငံရေး၊ စီးပွားရေး၊ အခြေ အနေကို ကျပ်တည်းစွာကျော်ဖြတ် ဆောင်ရွက်နိုင်သူတစ်ဦးဆိုလျှင် မှားမည်မဟုတ်ကြောင်း၊  ၁၉၈၈ ခုနှစ်တွင် “သေနတ်ဆိုတာ မိုးပေါ် ထောင်မပစ်ဘူး၊  တည့်တည့်ပစ်တယ်”  ဆိုသည့်စကားကြောင့်  လူ အများ၏ အမုန်းကိုခံခဲ့ရကြောင်း၊ ယနေ့အချိန်တွင် ယင်းစကားသည် တကယ်မှန်ကန်ခဲ့ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် အန္တရာယ် ရင်ဆိုင်လာရသည့်အချိန်တွင် နိုင်ငံခေါင်းဆောင်သည် ရဲရဲဝံ့ဝံ့ရင်ဆိုင် ရမည်ဆိုသည့်  သင်ခန်းစာကိုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီကို ခုတုံးလုပ်၍  သေနတ်ကို  မိုးပေါ်ထောင်ပြီးပစ်ခတ်ခဲ့ခြင်းကြောင့် အကြမ်းဖက်သူများ   ပိုမိုများပြားလာပြီး   အကြမ်းဖက်သူများ၏  သေနတ်မှာ    အပြစ်မဲ့ပြည်သူများကို       တည့်တည့်ပစ်ခြင်းခံခဲ့ရ ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းသည် မြန်မာ့တပ်မတော်၏ မျိုးဆက်ကို ဆက်လက်ထူထောင်ခဲ့သူဖြစ်ကြောင်း၊ (၇၇)နှစ်မြောက်တပ်မတော် နေ့အခမ်းအနားသို့ ဗိုလ်မှူး ဒေါ်စန္ဒာဝင်း တက်ရောက်ခဲ့သည်ကို ဝမ်းသာစွာမြင်တွေ့ခဲ့ရကြောင်း၊ ဗိုလ်မှူး ဒေါ်စန္ဒာဝင်းသည်   မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် ရှေ့တန်းစခန်းများအထိ ကိုယ်တိုင်သွားရောက်ပြီး  ဆေးကုသပေးခဲ့သည်ဟုသိရကြောင်း၊ ငယ်စဉ်ကလေးဘဝ ကျောင်းနေစဉ်ကတည်းက ကျောင်းသင်ခန်းစာ များတွင် ဗိုလ်ချုပ်အောင်ဆန်းကိုသာ  High Light ပေးခဲ့ကြောင်း၊ Generation တစ်ခုမှာ    ဗိုလ်ချုပ်အောင်ဆန်း၏      ဓာတ်ပုံဖြင့်  အကြောင်းပြုပြီး လုပ်စားခဲ့သောကြောင့်  တိုင်းပြည်မည်ကဲ့သို့ဖြစ်ခဲ့ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်လာမည့် မျိုးဆက်များအတွက်  လွတ်လပ်ရေးကြိုးပမ်းမှုနှင့်   နိုင်ငံတော် ထူထောင်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ  ရဲဘော်သုံးကျိပ်၊ တပ်မတော်၏   ကြိုးပမ်းမှုအခန်းကဏ္ဍကိုလည်း   ပြဋ္ဌာန်းစာအုပ် များတွင်  ထည့်သွင်းစေလိုကြောင်း၊  နိုင်ငံပိုင်မီဒီယာနှင့်  ရေဒီယို များမှလည်း    ထုတ်ပြန်ပေးစေလိုကြောင်း၊     ရဲဘော်သုံးကျိပ်နှင့် တပ်မတော်၏အခန်းကဏ္ဍကို ပြသပေးစေလိုကြောင်း၊ နောင်လာမည့် စာသင်နှစ်များတွင်လည်း  ထည့်သွင်းသင်ကြားပေးနိုင်ခြင်း  ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


လွတ်လပ်‌ရေးကြိုးပမ်းသူများကို ဂုဏ်ပြု


    ဗိုလ်ချုပ် ဇော်မင်းထွန်းက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူများစွာရှိကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ အလွယ်တကူပေါ်ပေါက်ခဲ့ခြင်း မဟုတ်ကြောင်း၊ အပင်တစ်ပင်စိုက် သကဲ့သို့  တယုတယစိုက်ရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်၊ တပ်မတော်သည် လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းရာ တွင် ပြည်သူနှင့်အတူပါဝင်ခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကို ပြန်ကြည့်လျှင် နယ်ချဲ့အင်္ဂလိပ်များက မိမိတို့နိုင်ငံကိုသိမ်းပိုက်ခဲ့ကြောင်း၊ ၁၀ နှစ်ကြာ မျိုးချစ်စစ်ပွဲကြီးဖြစ်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရရှိရန် သူရဲကောင်းများစွာကြိုးစားခဲ့ကြောင်း၊ ၁၉၂၀ တွင်( ဝိုင်အမ် ဘီအေ)နှင့် (ဂျီစီဘီအေ)တို့ပေါ်ပေါက်ခဲ့ကြောင်း၊  ၎င်းတို့ကလည်း လွတ်လပ်ရေးအတွက် မျိုးစေ့ချခဲ့ကြသူများဖြစ်ကြောင်း၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ပေါ်ပေါက်ခဲ့သည့် သခင်ဖိုးလှကြီး၊ ဆရာစံစသည့် သူရဲကောင်းများသည်လည်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်း ခဲ့သူများဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိရန်ကြိုးပမ်းရာတွင် အားလုံး ကြိုးစားခဲ့သည်ကို သမိုင်းအထောက်ထားများအရ အားလုံးသိရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းသူများကိုလည်း အသိအမှတ်ပြုဂုဏ်ပြုပေးခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် တစ်နှစ်ခန့်နေခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် မော်စီတုန်းပုံသာရှိကြောင်း၊ တိန့်ရှောင်ဖိန်ပုံ မရှိကြောင်း၊ တရုတ်နိုင်ငံ တိုးတက်အောင်လုပ်ခဲ့သည်မှာ     တိန့်ရှောင်ဖိန်သာဖြစ်ကြောင်း၊ သို့သော်   တရုတ်ယွမ်ငွေများတွင်  မော်စီတုန်းပုံသာရိုက်နှိပ်ထား ကြောင်း၊ အဓိကပြောလိုသည်မှာ ပြည်သူလူထုစိတ်ထဲတွင်ရှိရန်သာလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


    97 Media သတင်းထောက် နန္ဒလင်း(ထားဝယ်)က မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးဆိုင်ရာ ကိစ္စရပ်ဆောင်ရွက်နေသည်ကို  သိရှိရကြောင်း၊   မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

 


လူသားချင်းစာနာထောက်ထားသည့်   အကူအညီပေးရေး


    နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့သော  အာဆီယံခေါင်းဆောင်များ   အစည်းအဝေးတွင်ပါရှိသည့်  တူညီဆန္ဒ ၅ ချက်၏       နံပါတ် ၄ အချက်တွင်ပါရှိသည့်     မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားသည့်   အကူအညီပေးရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊      မြန်မာနိုင်ငံအနေဖြင့်    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများကိုဆောင်ရွက်ရာတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းကိစ္စ ရပ်များကိုဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဆောင်၍   နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ  တာဝန်ရှိ သူများပူးပေါင်း၍ Task Force ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း၊ ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ တစ်သန်းကျော်ထောက်ပံ့ ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ကုသရေး အတွက် ဆေးနှင့်ဆေးပစ္စည်းများပံ့ပိုးပေးခဲ့ကြောင်း၊ ထိုပစ္စည်းများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆေးရုံ ၅၈ ရုံသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကာကွယ်ဆေးအပြင် လူသားချင်း စာနာမှုအကူအညီများပေးရန် ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်   မေ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌  ပြုလုပ်ခဲ့သည့်အစည်းဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ နှင့်အတူ   အာဆီယံ၏အထူးကိုယ်စားလှယ်  ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေး မှူးချုပ်၊ UN အပါအဝင် အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများဖြစ် သည့်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း တက်ရောက်ခဲ့ ကြောင်း၊   မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖွဲ့က   မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေလုပ်ထုံးလုပ်နည်း၊ အာဆီယံ၏မူများနှင့်အညီ ဒုတိယ အဆင့်တွင်လည်း  ပထမအဆင့်မှာကဲ့သို့ပင်   ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိကဝတ်များပေးခဲ့ကြောင်း၊ မည်သူ့ကိုမျှ ချန်မထားဘူးဟူသည့် လူသားချင်းစာနာမှုမူများနှင့်အညီ ဆောင်ရွက် သွားရန်   သဘောတူညီမှုများရခဲ့ကြောင်း၊   ရှေ့ဆက်ပြီး  ထိုကဲ့သို့ ဆောင်ရွက်မည့်နေရာများ၊   ပါဝင်မည့်အဖွဲ့အစည်းများ   လိုအပ် သည့်အကူအညီများပေးရန်အတွက် ဆန်းစစ်မှုများ ပြုလုပ်သည့်အခါ မြန်မာနိုင်ငံမှ   Task Force နှင့်အတူ   ပူးပေါင်းဆောင်ရွက်သွားရန်၊ ထို့နောက် ရှေ့ပြေးစီမံကိန်းများချမှတ်ပြီး ဆောင်ရွက်သွားကြရန်နှင့်် ထိုသို့ဆောင်ရွက်သည့်အခါ၊ အကူအညီများပေးသည့်အခါတွင်လည်း နိုင်ငံရေးအရ  ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်းများ မဖြစ်စေရန်၊ ပြည်တွင်းရေးကိုမစွက်ဖက်ရန်နှင့် အချုပ်အခြာအာဏာကို  ထိပါးမှု မရှိစေရန်ဆိုသည့်အရာများနှင့်     ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း  ပြန်လည်ဖြေကြားသည်။


 (ဆက်လက်ဖော်ပြပါမည်)