
နေပြည်တော် မေ ၂၄
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ် ကျေးရွာ၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်မှ ၁၂ နာရီ ၁၅ မိနစ် ခန့်အထိ လေဆင်နှာမောင်း တိုက်ခတ်ခဲ့သဖြင့် အဆိုပါ ကျေးရွာရှိ နေအိမ် ၈၈ လုံး နှင့် ဘုန်းတော်ကြီးကျောင်း သုံးကျောင်းတို့ အမိုးလန်ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့သည်။
ထောက်ပံ့ငွေ ပေးအပ်
အဆိုပါ ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့် ကျေးရွာ၌ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ သထုံတပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး သည်။ ထိုသို့ ဆောင်ရွက်ပေးနေမှု များကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လေဘေး သင့် ပြည်သူများကို ထောက်ပံ့ ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်