ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်မှု သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်

 

 

ဘားအံ   မေ   ၂၄
ကရင်ပြည်နယ်ဝန်ကြီးချုပ်       ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်     တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ  မေ ၂၃ ရက်  မွန်းလွဲ ၁ နာရီ ခန့်က မဟာမဲခေါင်ဒေသ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ   ဂျိုင်း (ကော့ကရိတ်)တံတား         တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများ က      ဂျိုင်း(ကော့ကရိတ်)တံတား     တည်ဆောက်ရေး လုပ်ငန်းခွင်   ရှင်းလင်းဆောင်၌     တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့်  စပ်လျဉ်း ၍   တံတားချဉ်းကပ်လမ်းနှင့်  တံတားကိုယ်ထည် တည်ဆောက်ရေး     တိုးတက်ပြီးစီးမှုအခြေအနေနှင့်   တံတားတည်ဆောက်ရေးလုပ်ငန်းခွင်    တစ်ခုလုံး အနေဖြင့် ၇၀ ဒသမ ၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေ၊ ၂၀၂၃ ခုနှစ်     မတ်လတွင်      ဖွင့်လှစ်နိုင်ရေး     လျာထား ဆောင်ရွက်နေသည့်အခြေအနေများကို     ရှင်းလင်း တင်ပြကြရာ    ပြည်နယ်ဝန်ကြီးချုပ်က    လိုအပ် သည်များ     မှာကြား၍      သတ်မှတ်စံချိန်စံနှုန်း များနှင့်အညီ     အချိန်မီပြီးစီးနိုင်ရေး     ကြိုးပမ်း ဆောင်ရွက်ကြရန်     မှာကြားခဲ့ကြောင်း     သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)