နယူးဒေလီ မေ ၂
အိန္ဒိယနိုင်ငံ၌ မေ ၁ ရက်က ပြည်တွင်းလေကြောင်းလိုင်း တစ်ခုမှ လေယာဉ်တစ်စင်းသည် လေဆိပ်သို့ ဆင်းသက်စဉ် လေပြင်းကျရောက်မှု ကြုံတွေ့သဖြင့် အနည်းဆုံးခရီးသည် ၁၄ ဦးနှင့် လေယာဉ်အမှုထမ်း သုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက မေ ၂ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှ အနောက်ဘင်္ဂလား၏ ပြည်နယ် အရှေ့ပိုင်း ဒူဂါပူမြို့သို့ ပျံသန်းစဉ် လေပြင်းကျရောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း NDTV ရုပ်သံလိုင်း၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
အဆိုပါ SpiceJet လေယာဉ်သည် ခရီးသည် ၁၈၈ ဦး တင်ဆောင်လာပြီး ဒူဂါပူလေဆိပ်သို့ မဆင်းသက်မီ ပြင်းထန်သော လေပြင်းကျရောက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ လေပြင်းကျရောက်မှုနှင့် ကြုံတွေ့စဉ် လေယာဉ်ခရီးသည်များ၏ အထုပ်အပိုးများ ထည့်သည့်နေရာမှ ပစ္စည်းများပြုတ်ကျလာပြီး ခရီးသည်များ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ



