ရွေးကောက်ပွဲသတင်း ရယူတင်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အွန်လိုင်းဖြင့် တက်ရောက်


 

နေပြည်တော် အောက်တိုဘာ ၂၇


ရွေးကောက်ပွဲသတင်း ရယူတင်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းဦးရေ ၇၀ တို့ နေရာအသီးသီးမှ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Senior Representative Mr.Nobuo Iwai တို့က အဖွင့်အမှာ စကားများ ပြောကြားကြပြီး JICA မှ ပါမောက္ခ Dr.Keiichi Hashimoto က ရွေးကောက်ပွဲ သတင်းရယူ တင်ဆက်မှု ဆိုင်ရာများကို ဦးဆောင်ဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲမှာ MRTV နှင့် JICA တို့ ၂၀၁၄ ခုနှစ် မှ စတင်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု စီမံကိန်း၏ နောက်ဆက်တွဲ အပိုင်း(၂)တွင် ပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကာလအတွင်း သတင်းရယူစဉ် သတင်းသမားများ လိုက်နာ ဆောင်ရွက်ရမည့် သတင်းမီဒီယာကျင့်ဝတ်နှင့် စည်းမျဉ်း စည်းကမ်းများ၊ သတင်းများ တင်ဆက်ရာတွင် ဘက်လိုက်မှု မရှိစေဘဲ မျှတစွာဖြင့် သတင်းတန်ဖိုး တက်လာစေရေး ဆောင်ရွက်ရန် နည်းလမ်းများ၊ သတင်းတင်ဆက်ပုံများ၊ နိုင်ငံတကာ အတွေ့အကြုံများကို JICA ဘက်မှ ဆွေးနွေး ခဲ့ပြီး MRTV ဘက်မှလည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆောင်ရွက်မည့် အစီအမံများ နှင့် သတင်းထုတ်လွှင့် တင်ဆက်ပုံများကို ပြန်လည်ဆွေးနွေး ဖလှယ်ကြကြောင်း သိရသည်။ သတင်းစဉ်