
ကိုတင့်(မြို့ပြအင်ဂျင်နီယာ)
(ယမန်နေ့မှ အဆက်)
အမှတ် (၂) အာရှလမ်းမကြီးဖြစ်သော မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီ လိတ်လမ်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မှစ၍ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသော မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်း သည် အာရှလမ်းမကြီးအမှတ်(၂) (AH-2) ဖြစ်ပြီး လမ်းအရှည် ၄၉၁ မိုင်ရှိပါသည်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ပေါ်ဒေသလမ်း ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက် လျက် ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင် ၅၂/၆ တွင် ၄၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၂၆ မိုင် ၁ ဖာလုံ ဆောင်ရွက်ပြီးဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၌ လမ်း အရှည် ၂၂၉ မိုင် ၄ ဖာလုံရှိရာတွင် BOT စနစ်ဖြင့် တောင်ပေါ်ဒေသလမ်းဆောက် လုပ်ရေးကုမ္ပဏီမှ ၆၂ မိုင် ၄ ဖာလုံ၊ နေမင်း ရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ၇၃ မိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း လမ်းဦးစီးဌာန မှ လမ်းအရှည် ၉၄ မိုင်တို့ကို လမ်းတိုးတက် ပြုပြင်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင် ရွက်လျက်ရှိသည်။ တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ BOT စနစ်ဖြင့် ကလောမြို့မှ တောင်ကြီးမြို့အထိ လမ်း အရှည် ၄၅ မိုင်ကို လေးလမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင် ရွက်နိုင်ခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ် သံလွင်မြစ်ကူးတံတားဘေးတွင် ဆောက် လုပ်ရေးဝန်ကြီးဌာနက တာကော်တံတား အသစ် (၁၁၅၁ ပေ အရှည်) တစ်စင်းတည် ဆောက်လျက်ရှိကြောင်း သိရှိရသည်။
မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း(ရှမ်းပြည်နယ်-အရှေ့ ပိုင်း) သည် ၂၀၈ မိုင် ၅ ဖာလုံရှည်လျားပြီး လွန်ခဲ့သောအချိန်များက သွားလာမှုခက်ခဲ သော လမ်းပိုင်းများဖြစ်သည်။ မိုးတွင်း ကာလ အချိန်များတွင် တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းပိုင်းသည် ယခင်က တောင်ပြို ခြင်း၊ လမ်းသား ပဲ့ခြင်းတို့ကြောင့် လမ်းပိတ် ဆို့မှုများ မကြာခဏဖြစ်ခဲ့ပါသည်။ ရှမ်းပြည် နယ်အရှေ့ပိုင်းရှိ လမ်းပိုင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည် နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာနက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာသီမရွေး သွားလာနိုင်သော လမ်းအဆင့်သို့ ရောက်ရှိ လာပြီဖြစ်သည်။ ကျိုင်းတုံမြို့မှ တာချီလိတ် မြို့အထိ လမ်းအရှည် ၉၈/၃ မိုင်ကို သော် တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ BOT စနစ် ဖြင့် လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပါသည်။
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်းမကြီးကို အဆင့်တိုးမြှင့် တည် ဆောက်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၊ လာအို နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းနှင့် တိုင်းရင်း သားလူမျိုးများ ချစ်ကြည်ရင်းနှီးမှု ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။
ရခိုင်ပြည်နယ် အဓိကဝင်ပေါက် ရန်ကုန်-စစ်တွေလမ်း(မင်းဘူး-အမ်း-စစ်တွေလမ်းပိုင်း)
ရခိုင်ပြည်နယ်အတွင်းသို့ အဓိကဝင်ပေါက် လမ်း သုံးလမ်းရှိသည်။ နေပြည်တော်-မကွေးမှ ဝင်ရောက်နိုင်သော မင်းဘူး-အမ်း-စစ်တွေ လမ်းသည် မင်းဘူးမှ ရခိုင်ပြည်နယ် စစ်တွေ အထိ လမ်းအရှည် ၃၀၂ မိုင် ၄ ဖာလုံရှိသည်။ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းသည် ၁၀၂ မိုင် ၂ ဖာလုံအရှည်ရှိပြီး တောင်ကုတ်မှ ကျောက်ဖြူအထိ လမ်းအရှည် ၁၁၉ မိုင် ၇ ဖာ လုံအရှည် ရှိပါသည်။ ပြည်မှ ကျောက်ဖြူအထိ စုစုပေါင်း ၂၂၂ မိုင် ၁ ဖာလုံလမ်းအရှည်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်း ချောင်းမှ ဂွ-သံတွဲလမ်းပိုင်းသည် လမ်းအရှည် ၁၃၂ မိုင် ၂ ဖာလုံရှိပါသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ရခိုင်ပြည်နယ်နှင့် ဆက်သွယ် ထားသောလမ်းမကြီး(၃)လမ်း လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ခွင့်ပြုလမ်း/တံတားရန်ပုံငွေများဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
မင်းဘူး-အမ်းလမ်းအပိုင်းသည် ၁၀၃ မိုင် ၁ ဖာလုံရှိပြီး အမ်းမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည် ၁၉၉ မိုင် ၃ ဖာလုံလမ်းအရှည်ရှိ ပါသည်။ မင်းဘူးမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည် ၃၀၂ မိုင် ၄ ဖာလုံအရှည်ရှိပါသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ရခိုင်ပြည် နယ် ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေ ခရိုင်တို့ကို ဖြတ်သန်းပါသည်။ လမ်းတိုးတက်မှု အခြေအနေမှာ မင်းဘူးမှ အမ်းအထိ ကတ္တရာ လမ်း ၁၀၃/၁ မိုင်ရှိသည်။ အမ်း-စစ်တွေ လမ်းပိုင်းတွင် ကွန်ကရစ်လမ်း ၁၁၁/၄ မိုင်၊ ကတ္တရာလမ်း ၈၅/၇ မိုင်နှင့် မြို့တွင်းအပိုင်း နိုင်လွန်ကတ္တရာလမ်း ၂/၀ မိုင်အထိ လမ်းတိုး တက်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
ယခင်က မင်းဘူးမှ စစ်တွေသို့ ယာဉ် မောင်းချိန် ၁၅ နာရီခန့်ရှိပြီး ယခုအခါ ၁၀ နာရီ ယာဉ်မောင်းချိန်ဖြင့် အရောက်သွားနိုင်ပြီ ဖြစ်သည်။ ရန်ကုန်-စစ်တွေလမ်း (အမ်း-စစ် တွေအပိုင်း) မင်းပြားမြို့အနီး မိုင်တိုင် ၉၁/၂ ရှိ ရာမောင်ကြိုးတံတားဘေးတွင် တံတားဦးစီး ဌာနက ၁၂၈၄ ပေ အရှည်ရှိသော ရာမောင် တံတားသစ်ကြီးကို တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားပြီးစီးမှု ၈၀ ရာခိုင်နှုန်း ကျော် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်မှ ထွက်ရှိသော ပင်လယ်ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကို မင်းဘူး-အမ်း-စစ်တွေ လမ်းကြီးမှ မြန်မာနိုင်ငံ အတွင်း ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ခြင်းကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေပြီး လူနေမှုအဆင့် အတန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။
နေပြည်တော်- ကင်းသာ- လိန်းလီ-ပင်လောင်း - နန့်ပန်-ညောင်ရွှေ-အေးသာ ယာ-တောင်ကြီးလမ်း
နေပြည်တော်- လိန်းလီ- ပင်လောင်း-ညောင်ရွှေ- အေးသာယာ- တောင်ကြီးကား လမ်းသည် နေပြည်တော်မှ ရှမ်းပြည်နယ် မြို့တော် တောင်ကြီးသို့ ဆက်သွယ်ထား သော အတိုဆုံးလမ်းဖြစ်သည်။ နေပြည် တော်မှ ကင်းသာလမ်းဆုံအထိ ၁၂ မိုင် ၂ ဖာလုံနှင့် ကင်းသာ- လိန်းလီ- ပင်လောင်း မြို့ထဲအထိ လမ်းပိုင်းအရှည် ၇၀ မိုင် ၄ ဖာလုံရှိပါသည်။ ပင်လောင်းမြို့မှ အင်းလေး ကန်အရှေ့ ဘက်ပတ်လမ်း ညောင်ရွှေမြို့-အေးသာယာမှ တောင်ကြီးမြို့အထိ ၆၅ မိုင် ၄ ဖာလုံအရှည်ရှိပါသည်။ စုစုပေါင်း နေပြည် တော်-ပင်လောင်း-တောင်ကြီး ကားလမ်း အရှည် ၁၄၈ မိုင် ၂ ဖာလုံ ရှိပါသည်။
နေပြည်တော်မှ ပျော်ဘွယ်-ဘုရား ငါးဆူဖြတ်လမ်း- ကလောမှတစ်ဆင့် တောင်ကြီးမြို့သို့ သွားသည့်လမ်းခရီးထက် မိုင် ၂ဝ ခန့် သက်သာပါသည်။ နေပြည်တော် မှ ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများ အနေဖြင့် လိန်းလီကြိုးတံတားအလှအပကို ကြည့်ရှုပြီး နေပြည်တော်- ပင်လောင်း- တောင်ကြီးကားလမ်းမှ အေးချမ်းသာယာ လှပသော ပင်လောင်းမြို့သို့ လည်ပတ်သွား ရောက်နိုင်မည် ဖြစ်ပါသည်။ ပင်လောင်းမြို့ မှတစ်ဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ သို့ လည်းကောင်း၊ အင်းလေးကန်ပတ်လမ်း မှ တစ်ဆင့် အင်းလေး၊ ကလော၊ တောင်ကြီး မြို့များသို့လည်းကောင်း လွယ်ကူလျင်မြန် စွာ ဆက်သွယ်သွားရောက် လည်ပတ်နိုင် ကြပြီဖြစ်ပါသည်။
နေပြည်တော်- ကံပြား- မကွေးလမ်းမှ မင်းဘူး-အမ်း-စစ်တွေသို့
နေပြည်တော်ကောင်စီနယ်မြေနှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ရခိုင် ပြည်နယ် စစ်တွေမြို့သို့ ဆက်သွယ်ထား သော လမ်းမကြီးသည် နေပြည်တော်-ကံပြား-မကွေးလမ်းဖြစ်ပါသည်။ နေပြည် တော်(ပန်းတင်)မှ မကွေး (ကံပြား) အထိ လမ်းအရှည် ၇၉ မိုင် ၄ ဖာလုံ ကတ္တရာ လမ်း အသစ် ဖောက်လုပ်ထားခြင်းဖြစ်ပါသည်။ နေပြည်တော်မှ မကွေးမြို့သို့ ယာဉ်မောင်း ချိန် ၂ နာရီ မိနစ် ၃၀ ခန့်ရှိပြီး မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-ပြည်-မကွေး- မန္တလေးလမ်းတို့နှင့် ရန်ကုန်-နေပြည်တော်-မန္တလေး (အမြန် လမ်း)တို့ကို ဆက်စပ်ပေးထားသော အဓိက ရိုးမဖြတ်လမ်း တစ်ခုဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး- ကရင်ပြည်နယ်-ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်သွယ်သော တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး လမ်း
တောင်ငူ- လိပ်သို- လွိုင်ကော်-ဟိုပုံး လမ်းသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် ကရင်ပြည်နယ် လိပ်သိုမြို့မှတစ်ဆင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှမ်း ပြည်နယ် ဟိုပုံးမြို့တို့ကို ဆက်သွယ်ထား သော ပြည်ထောင်စုလမ်းမကြီး ဖြစ်ပါသည်။ တောင်ငူမြို့မှ လွိုင်ကော်မြို့အထိ ၁၃၁ မိုင် အရှည်ရှိပြီး ဟိုပုံးမြို့အထိ အကွာအဝေးမှာ ၂၁၇ မိုင် ၁ ဖာလုံရှိပါသည်။ တောင်ငူ-လိပ် သို-လွိုင်ကော်လမ်းသည် ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့နယ်တွင် လမ်းအရှည် မိုင်တိုင် ၁၈/၂ အထိရှိပါသည်။ မိုင်တိုင် ၁၈/၂ မှ မိုင်တိုင် ၆၉/၀ လမ်းအရှည် ၅၀ မိုင် ၆ ဖာလုံမှာ ကရင်ပြည်နယ် လိပ်သိုမြို့ နယ်အတွင်း ဖြတ်သန်းပါသည်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်း မိုင်တိုင် ၆၉/၀ မှ ၉၉/၅ အထိ လမ်းအရှည် ၃၀ မိုင် ၅ ဖာလုံ ရှိပါသည်။ ကယားပြည်နယ် အတွင်း မိုင်တိုင် ၉၉/၅ မှ ၁၃၁/၀ ဒီးမော့ဆို မြို့နယ်နှင့် လွိုင်ကော်မြို့ကို ဖြတ်သန်းပါ သည်။ လမ်းမကြီးဖြတ်သန်းရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လမ်းဦးစီး ဌာနများသည် ခွင့်ပြုရန်ပုံငွေဖြင့် တောင်ငူ-လိပ်သို- လွိုင်ကော်လမ်း တိုးတက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ကြပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနသည် ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီ ဖြစ်သော JICA ODA Loan ဖြင့် မိုင် ၇/၆မှ ၁၈/၂ အတွင်း လမ်းပိုင်းကို ၅ ဒသမ ၅ မီတာအကျယ် ကွန်ကရစ်လမ်း/ တံတား များ၊ တံတားငယ်များ၊ ကျောက်စီမြေကာ နံရံများ စသည့်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာပြည်အလယ်ပိုင်းဒေသမှ ပြည် သူများအနေဖြင့် တောင်ငူမြို့မှ ကယား ပြည်နယ် လွိုင်ကော်မြို့သို့ ယာဉ်မောင်းချိန် ၅ နာရီဖြင့် သွားရောက်နိုင်ကြပြီဖြစ်သည်။ လွိုင်ကော်မြို့မှတစ်ဆင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ လည်းကောင်း၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်း ပေါ်ရှိ ဟိုပုံးမြို့သို့လည်းကောင်း သွားရောက်နိုင်ကြပါသည်။ လွိုင်ကော်မြို့မှ တစ်ဆင့် လွိုင်ကော်-ဖားဆောင်း-မယ်စဲ့ မှ ထိုင်းနိုင်ငံ နယ်စပ် BP13 သို့ နယ်စပ်ကုန် သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ တောင်ငူ-လိပ်သို- လွိုင်ကော်-ဟိုပုံးလမ်းမကြီးအနေဖြင့် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန် အဓိက အထောက်အကူဖြစ်စေသည့် လမ်းမကြီး ဖြစ်သည်။
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ဆက်သွယ်ထား သော အဓိကလမ်းမကြီးသုံးလမ်း
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ရန်ကုန်မြို့-ပြည်-မကွေး-မန္တလေးလမ်း
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ဆက်သွယ် ထားသော အဓိကလမ်းမကြီးသုံးလမ်းတွင် ရန်ကုန်- ပြည်-မကွေး-မန္တလေး လမ်းသည် မိုင်ပေါင်း ၅၁၁ မိုင်ရှိပြီး ခရီးအကွာအဝေးအရှည် ဆုံးဖြစ်သည်။ ရန်ကုန်-ပြည်-မကွေးအထိ ၃၃၃ မိုင်ကို Max Highway Co., ltd မှလည်းကောင်း၊ မကွေး- ရေနံချောင်း- ကျောက်ပန်းတောင်း အထိ ၆၉ မိုင်လမ်းအရှည်ကို ကောင်းမွန် ဆောက်လုပ်ရေးကုမ္ပဏီမှလည်းကောင်း BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်။ ကျောက်ပန်းတောင်း မြို့မှ မြင်းခြံမြို့အထိ လမ်းအရှည်မိုင် ၆၀ ခန့် ကို မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာနက လမ်းတိုးတက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး မြင်းခြံ-မြို့သာ- တံတားဦး လမ်းအပိုင်း ၅၃ မိုင် ၃ ဖာလုံအရှည်ကို သာယာ ဦး ဆောက်လုပ်ရေးအဖွဲ့မှ BOT စနစ်ဖြင့် လမ်း လုပ်ငန်းများ ဆောင်ရွက်ပါသည်။
ရန်ကုန်-ပြည်လမ်းပိုင်းတွင် Max High-way Co., ltd မှ BOT စနစ်ဖြင့် ဆောင်ရွက် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်(ထောက်ကြန့်) မိုင်တိုင် ၂၂/၀ မှ တိုက်ကြီး မြို့နယ် မိုင်တိုင် ၄၉/၄ အထိ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပြီး ဖြစ်ပါသည်။ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလျှင် အဆိုပါလမ်းကို အသုံးပြုမှု နည်းသော်လည်း ရန်ကုန်မြို့မှ ပြည်မြို့သို့၊ ပြည်မြို့မှ မကွေးမြို့သို့ သွားလာခြင်း စသည် ဖြင့် ရန်ကုန်-ပြည်-မကွေး-မြင်းခြံ-မန္တလေး လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ အတွက် အလွန်အရေးပါသော လမ်းမကြီးဖြစ် သည်။
ပဲခူးရိုးမအရှေ့ခြမ်းရှိ ရန်ကုန်-ပဲခူး-တောင်ငူ-မန္တလေးလမ်း
ပဲခူးရိုးမအရှေ့ခြမ်းရှိ ရန်ကုန်- ပဲခူး-တောင်ငူ- မန္တလေးလမ်းသည် ရန်ကုန်မှ မန္တလေးအထိ ၄၂၂ မိုင် အရှည်ရှိသည်။ ရန်ကုန် မှ မန္တလေးမြို့အထိ နိုင်ငံသားလုပ်ငန်းရှင် BOT အဖွဲ့(၇) ဖွဲ့မှ လမ်း/ တံတားအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်(ထောက်ကြန့်)မှ ပဲခူးအထိ (၆)လမ်း သွား လမ်းမကြီး နိုင်လွန်ကတ္တရာလမ်းခင်းခြင်း ကို Max Highway Co., ltd မှ ဆောင်ရွက်ပြီးဖြစ် သည်။ ပဲခူးမှ မန္တလေးအထိကို BOT အဖွဲ့များ ဖြစ်သော ရွှေသံလွင်ကုမ္ပဏီ၊ High Star Co., ltd၊ ကမ္ဘောဇလမ်းကြောင်း ရှာဖွေရေးစက်မှု လုပ်ငန်းများအဖွဲ့၊ Oriental High way Co., ltd ၊ ယုဇနဆောက်လုပ်ရေး ကုမ္ပဏီနှင့် သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီတို့မှ မိမိတို့တာဝန်ယူရသော လမ်းပိုင်းအလိုက် မူလကတ္တရာလမ်း ၂၄ ပေအကျယ်မှ လေး လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် လမ်း/တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ (၁၀၀%) ရာနှုန်းပြည့် နီးပါး လုပ်ငန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရ သည်။
ရန်ကုန်မြို့နှင့် မြန်မာပြည်အောက်ပိုင်း ဒေသများမှ ပြည်တွင်း ပြည်ပကုန်ပစ္စည်း များနှင့် ထုတ်ကုန်ပစ္စည်းများကို မန္တလေး မြို့နှင့် အထက်မြန်မာပြည်တစ်ဝန်းလုံးသို့ လည်းကောင်း၊ တရုတ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများသို့ လည်းကောင်း သယ်ယူပို့ဆောင်ပေးနေကြသော ကုန်တင် ယာဉ်ကြီးများ၊ ကွန်တိန်နာယာဉ်ကြီးများ၊ ဆီသယ်ယာဉ်ကြီးများအားလုံး နီးပါးသည် ရန်ကုန်-ပဲခူး-တောင်ငူ-မန္တလေးကားလမ်းကို အသုံးပြုနေကြပါသည်။ ရန်ကုန်-ပဲခူး-မန္တလေးလမ်းမကြီးကို နိုင်ငံသားလုပ်ငန်းရှင် များက BOT စနစ်ဖြင့် လမ်း/တံတား အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ရန်ပုံငွေ သုံးစွဲရမှုသက်သာစေပြီး အခြားလိုအပ်သော ပညာရေးနှင့် ကျန်းမာရေးရန်ပုံငွေများတွင် သုံးစွဲနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေသည်။
နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များက စီးပွားရေးတွက်ခြေကိုက်သော လမ်း/တံတား များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် လုပ်ငန်းရှင် ပြည်သူများအတွက်လည်း အကျိုးစီးပွားဖြစ် ထွန်းစေပါသည်။ ဒေသခံပြည်သူများအတွက် လည်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ပြီး အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေသည်။ ရန်ကုန်- ပဲခူး- တောင်ငူ- မန္တလေးလမ်း တစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများအနေဖြင့်လည်း လမ်း/ယာဉ် အန္တရာယ်ကင်းရှင်းစေပြီး လမ်းပန်းဆက်သွယ် ရေး လုံခြုံချောမွေ့သော လမ်းမကြီးကို အသုံးပြုနိုင်သည့် အကျိုးကျေးဇူးများရရှိနေ ပြီဖြစ်ပါသည်။
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီး
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန် လမ်းမကြီးသည် ရန်ကုန်-နေပြည်တော်လမ်း အပိုင်း ၂၀၂ မိုင်နှင့် နေပြည်တော်- မန္တလေး လမ်းအပိုင်း ၁၅၆ မိုင် ၂ ဖာလုံရှိပြီး စုစုပေါင်း ၃၅၈ မိုင် ၂ ဖာလုံ လမ်းအရှည်ရှိသည်။ အမြန် လမ်းမကြီးမှာ ၂၄ ပေ အကျယ်ကားလမ်း အသွားအပြန် နှစ်ဖက်တွင် ပါရှိသော လေးလမ်း သွား လမ်းမကြီးဖြစ်ပြီး လမ်းလယ်ကျွန်းမှာ ပေ ၃၀ အကျယ်ရှိပါသည်။ အမြန်လမ်းမကြီး ကို ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အမြန်လမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီး ဌာန ရန်ကုန်-မန္တလေး အမြန်လမ်းထိန်းသိမ်း ရေးအဖွဲ့မှ လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး လမ်းဦးစီးဌာနက လမ်းအသုံးပြုခ ကောက်ခံရရှိငွေမှာ တစ်နှစ် လျှင် ကျပ် ၂၂ ဘီလီယံရှိကြောင်း သိရှိရသည်။ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီးသည် နိုင်ငံတော်အတွက် အဓိကအရေး ပါသောလမ်းမကြီးဖြစ်ပြီး ပြည်သူများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်သွားလာခြင်း၊ ဒေသန္တရ ဗဟုသုတအတွက် အပန်းဖြေခရီးနှင့် ဘုရားဖူးသွားလာခြင်း စသည်တို့ အမြန်လမ်း မကြီးကို အသုံးပြုပြီး သွားလာနိုင်ကြပြီဖြစ် သည်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဒေသများ ဖွံ့ဖြိုးတိုးတက်စေမည့် ပုသိမ်-မုံရွာလမ်း
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသ များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုသိမ်-မုံရွာလမ်းကို မြန်မာနိုင်ငံအတွင်း တိုင်းဒေသ ကြီး လေးခုကို ဖြတ်သန်းဖောက်လုပ်ထားပါ သည်။ ပုသိမ်-မုံရွာ လမ်းမကြီးဖြတ်သန်းသွား သော တိုင်းဒေသကြီးများမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းအရှည် ၇၀ မိုင် ၂ ဖာလုံ၊ ပဲခူးတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၁၃၅/၅ မှ ၁၇၉/၆ အထိ လမ်းအရှည် ၄၄ မိုင် ၁ ဖာလုံ၊ မကွေးတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၁၇၉/၆ မှ ၄၂၄/၅ အထိ လမ်းအရှည် ၂၄၄ မိုင် ၇ ဖာလုံရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၄၂၄/၅ မှ ၄၅၀/၅ အထိ အရှည် ၂၆ မိုင်နှင့် ပုသိမ်- မုံရွာလမ်းအရှည် စုစုပေါင်းမှာ ၄၅၀ မိုင် ၃ ဖာလုံရှိပါသည်။ ပုသိမ်-မုံရွာလမ်း သည် မြန်မာပြည်အောက်ပိုင်းရှိ ပုသိမ် ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်မာပြည် အလယ်ပိုင်းရှိ ပြည်ခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်၊ မြန်မာပြည်အထက်ပိုင်းရှိ ပခုက္ကူခရိုင်၊ ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင် များကို ဆက်စပ်ပေးထားသော လမ်းမကြီး ဖြစ်ပါသည်။
ပုသိမ်-မုံရွာ လမ်းကြီးမှတစ်ဆင့် ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည် နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး ကို ဆက်သွယ်သွားလာနိုင်ပါသည်။ ပုသိမ်-မုံရွာလမ်းမကြီးကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ မြို့/ရွာများ ဖွံ့ဖြိုးတိုး တက်စေပါသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့များက လမ်းထိန်းသိမ်းရေး ရန်ပုံငွေ များဖြင့် ပုသိမ်- မုံရွာလမ်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနများမှ တာဝန်ယူ ထိန်းသိမ်းလျက်ရှိသည်။ ပုသိမ်-မုံရွာလမ်းမကြီးကို အသုံးပြုပြီး ဒေသထွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင် ရောင်းဝယ် နိုင်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ကြခြင်းတို့ကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ် ပါသည်။ ။ (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments