ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ


 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား
 ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်


၁။    ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ် သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှု လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့်  ကမ္ဘာ့နိုင်ငံအသီးသီးမှ   မြန်မာနိုင်ငံသို့   လာရောက် ကြမည့်     ခရီးသွားများအပေါ်    ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက် များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ်ချက်များအားလုံးကို ၃၁-၁-၂၀၂၂ ရက်နေ့အထိ  ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၁-၁-၂၀၂၂  ရက်စွဲပါ    ကြေညာချက်ဖြင့်   ထုတ်ပြန်ထားခဲ့ပြီးဖြစ် ပါသည်- 
    (က)    မြန်မာနိုင်ငံသို့   လာရောက်ကြသည့်     ခရီးသွားများ အပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    ( ခ )    မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး   ထပ်တိုးကန့်သတ်ချက်များ နှင့်  ဆိုက်ရောက်ဗီဇာနှင့်  အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား      ယာယီရပ်ဆိုင်းမှုတို့နှင့် စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    (ဂ)    ကမ္ဘာ့နိုင်ငံအသီးသီးမှ   မြန်မာနိုင်ငံသို့   လာရောက် ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    (ဃ)    ကမ္ဘာ့နိုင်ငံအသီးသီးမှ    မြန်မာနိုင်ငံသို့   လာရောက် ကြမည့်   နိုင်ငံခြားသားများအား  ဗီဇာကင်းလွတ်ခွင့် နှင့်  လူမှုရေးဗီဇာအပါအဝင်  မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်။
၂။    ကိုဗစ်-၁၉ ကူးစက်ရောဂါ  ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ   မြန်မာပြည်သူများအား   ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက်   ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ   အစီအမံများအားလုံးကို   ၂၀၂၂  ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၈  ရက်နေ့အထိ   ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါ သည်။ 
၃။    သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင် သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန် များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင်)အနေဖြင့်    မြန်မာနိုင်ငံသို့   ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်   (သို့မဟုတ်)  အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက   ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ   ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံးမြန်မာ သံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရန်ဖြစ်ပါသည်။   သို့သော်   မြန်မာနိုင်ငံသို့   လာရောက် မည့်  ခရီးသွားများအားလုံးအနေဖြင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်   ကိုဗစ်ကပ်ရောဂါ  ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ တည်ဆဲညွှန်ကြားချက်များကို   မပျက်မကွက်လိုက်နာကြရမည် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်