
လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေး အကြိုညှိနှိုင်းဆွေးနွေး
=============================================
နေပြည်တော် အောက်တိုဘာ ၅
လူမှုသဟဇာတဆိုင်ရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့ အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်ရာတွင် လူမှု သဟဇာတဖြစ်ရေးလုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ လူမှုသဟဇာတဖြစ်ရေးနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ညှိနှိုင်း ဆွေးနွေးခြင်းများ၊ တွေ့ဆုံပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကိုလည်း အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုသဟဇာတဖြစ်ရေးကို ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ အစိုးရဌာနများ၊ အစုအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မတူညီသော လူမှု အသိုက်အဝန်းများအကြား အပြန်အလှန်ညှိနှိုင်း ဆက်သွယ် ဆောင်ရွက်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဤလုပ်ငန်းသည် ရေရှည်လုပ်ငန်းစဉ်ဖြစ်၍ မူဘောင်တစ်ရပ်ရေးဆွဲပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရက ဆောင်ရွက်မည့်လုပ်ငန်းစဉ် များတွင် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက် မည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။
ထို့နောက် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များက အကြိုညှိနှိုင်းဆွေးနွေးရန် လိုအပ်သည့်ကိစ္စရပ် များ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရမည့် အခြေအနေများကို ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်