
ဝါရှင်တန် ဇန်နဝါရီ ၂၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်း တာဝန်ယူမှု တစ်နှစ်တာ ကာလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေးအတွက် ကြိုးစား ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့သော် လည်း အမျိုးသားစည်းလုံး ညီညွတ်ရေးရရှိရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ် သည်။
သမ္မတသက်တမ်း တစ်နှစ် ကာလတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ နှစ်နာရီ ကြာခဲ့သည်။
ဘိုင်ဒန်က စိန်ခေါ်မှုများနှင့် ပြည့်နေသည့်နှစ်ဟု ပြောကြား လိုက်သလို တိုးတက်မှုတွေလည်း အများအပြား ရှိခဲ့သည့်နှစ်ဟု ပြောကြားလိုက်သည်။
သို့သော်လည်း ပြည်သူများ၏ အသက်ရှင်သန်နေထိုင်မှုဘဝကို ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးသက် ရောက်မှုက ဆက်တိုက်လွှမ်းမိုးနေ သည့်ကိစ္စနှင့်ပတ်သက်ပြီး စိတ်ရှုပ် စရာများဖြစ်နေပြီး မောပန်းနွမ်း နယ်လျက်ရှိကြောင်း ဘိုင်ဒန်က မှတ်ချက်ပြုပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက် ပြီး အများကြီးထပ်လုပ်ရမည် ဖြစ်ကြောင်း၊ မပြီးဆုံးသေး ကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားသည်။
အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်က ၎င်း ကတိပေးထား သည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ အများအပြား ထပ် လုပ်ရန်လိုသေးကြောင်း ဘိုင်ဒန် က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ