မီးတောင်ပေါက်ကွဲမှုခံစားရသည့် တွန်ဂါနိုင်ငံသို့ အကူအညီများပေးပို့နိုင်ရေး စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရ

 

နှင်းမိုးအိမ်

 

တွန်ဂါနိုင်ငံတွင် မကြာသေးမီက ရေအောက်မီးတောင်ပေါက်ကွဲမှု ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှု များနှင့်  ကြုံတွေ့နေရသည်။ ပြာများ ကျဆင်းလာမှုကြောင့် အဓိက လေဆိပ်ကိုပိတ်ထားရသည်။ 

 


ဒဏ်ရာရရှိသူ အရေအတွက်မသိရသေး 


ထို့ပြင် ကိုဗစ် -၁၉ တိုက်ဖျက်ရေး တင်းကျပ်သည့် စည်းကမ်း ချက်များလည်းရှိနေသည်ဟု ကုလသမဂ္ဂအရာရှိများက ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။   မီးတောင်ပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံး ခဲ့ပြီး ဒဏ်ရာရရှိသူအရေအတွက်မှာမူ မသိရသေးဟု  သိရသည်။ 

 


တွန်ဂါအာဏာပိုင်များက   လိုအပ်သည့်   အကူအညီများကို အကဲဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် အပြည်ပြည် ဆိုင်ရာအသိုင်းအဝိုင်းက     မည်သည့်     အကူအညီများပေးရမည်ကို တိတိကျကျ   ထောက်ပံ့ပေးသင့်သည်ဟုလည်း    ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏  ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ်က ပြောသည်။

 


ထောက်ပံ့ရေးပစ္စည်းများအသင့်ရှိ 


ကူညီရေးအသင်းအဖွဲ့များနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကူညီရန် အသင့်ရှိနေကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတိအကျသိရှိရပါက ကူညီမှုများပေးရန် အသင့်ရှိကြောင်း ၎င်းကဆက်ပြောသည်။ ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့သည် တွန်ဂါနိုင်ငံသို့ ဘဏ္ဍာရေးအရ ကူညီမှုများပေး ရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။ 

 


စိန်ခေါ်မှုများကို ပြောပြ 


တရုတ်နိုင်ငံသည်လည်း  သဘာဝဘေး  သက်သာချောင်ချိရေး ပစ္စည်းများကို  တွန်ဂါနိုင်ငံသို့   ပေးပို့သွားမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၈ ရက်တွင်  ပြောသည်။ 

 


တွန်ဂါနိုင်ငံတွင် ကုလသမဂ္ဂမှ ဝန်ထမ်း ၂၃ ဦးရှိပြီး ၂၂ ဦးမှာ ဒေသတွင်း မှ ငှားရမ်းထားသူများဖြစ်ကာ တစ်ဦးမှာမူ  အပြည်ပြည်ဆိုင်ရာမှ ဝန်ထမ်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

 


ဖီဂျီ ၊ဆော်လမွန်ကျွန်းစု၊  တွန်ဂါ ၊   တူဗာလူနှင့်  ဗင်န္ဓာတူ  ဆိုင်ရာ  ကုလသမဂ္ဂမှ လူသားချင်းစာနာထောက်ထားမှု  ခေတ္တ အကြီးအကဲဖြစ်သူ ဂျွန်နသန် ဘိတ်ချ်က  တွန်ဂါနိုင်ငံတွင် မီးတောင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကြုံတွေ့လာရသည့်စိန်ခေါ်မှုများကို ပြောပြခဲ့သည်။ 

 


ဂြိုဟ်တုဆက်သွယ်ရေးပြတ်တောက် 


နိုင်ငံအတွင်းရှိ ၁၆၉ ကျွန်း၌ လူနေရာထိုင်ရာ ၃၆ကျွန်းတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှာ  ပြတ်တောက်နေသည်။  တွန်ဂါ နိုင်ငံ   မြို့တော်   နူကူလိုဖာနှင့်     ပြင်ပကမ္ဘာဆက်သွယ်မှုမှာလည်း ပြတ်တောက်နေသည်။

 


အဓိကရေအောက်ဆက်သွယ်ရေးလိုင်းများမှာလည်း  အခြေအနေ ဆိုးရွားနေသဖြင့်  အသံများ ပြတ်တောက်ခြင်း ၊  ရုပ်သံနှင့်အင်တာနက် ဝန်ဆောင်မှု ပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်။

 


စာတိုများသာ ပေးပို့နိုင်


ယခုအချိန်အထိ ဆက်သွယ်မှုအဖြစ် စာတိုများသာ ပေးပို့နိုင်သေး သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။  တွန်ဂါနိုင်ငံအတွင်း ရှိ   ကုလသမဂ္ဂဝန်ထမ်းများနှင့် ဆက်သွယ်ရန်  စာတိုလေးများသာပေးပို့နိုင်သေးသည်။   မကြာသေးမီအချိန်အတွင်း  ဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်လာရန်   မျှော်လင့်ကြောင်းကိုလည်း   ၎င်းက ဆက်ပြောသည်။

 


လေဆိပ်ကို ပိတ်ထားရ 


ပြာများကျဆင်းမှုကို ဝန်ထမ်းများက  ကောင်းမွန်စွာမရှင်းလင်း နိုင်သေးသည့်အတွက် မြို့တော် နူကူလိုဖာရှိ လေဆိပ်ကို ပိတ်ထားရ ဆဲဖြစ်သည်။ ဩစတြေးလျနှင့်နယူးဇီလန်တို့မှ ပေးပို့လိုက်သည့် အကူအညီပစ္စည်းများကို  သင်္ဘောဖြင့်သာ ပေးပို့ခဲ့ရပြီး အဆိုပါပစ္စည်း များ တွန်ဂါ ဆိပ်ကမ်းသို့ရောက်ရှိရန်  ခြောက်ရက်မှ ရှစ်ရက်အထိ ကြာမြင့်မည်ဟု သိရသည်။  

 


ဆက်လက်ထိန်းထားလို 


တွန်ဂါနိုင်ငံအတွင်းသို့    ဝင်ရောက်လာမည့်လူများကို   တွန်ဂါ အာဏာပိုင်များက  မည်သို့ကိုင်တွယ်မည်ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ တွန်ဂါနိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် တင်းကျပ် သည့် စည်းကမ်းများ ချမှတ်ထားသည်။ တိုင်းပြည်အတွင်း  ကိုဗစ် -၁၉ ကူးစက်ခံရသူတစ်ဦးမျှမရှိသေးချေ။ အာဏာပိုင်များသည် နိုင်ငံကို ကိုဗစ် -၁၉ ကင်းစင်သည့် နယ်မြေအဖြစ်  ဆက်လက်ထိန်းသိမ်းထား လိုသည်။  

 


ပျက်စီးမှုများပြားနိုင်ခြေမရှိ


တွန်ဂါနိုင်ငံရှိ ကုလသမဂ္ဂ ဝန်ထမ်းများတွင် သေဆုံးသူ တစ်ဦး တလေမျှ မရှိချေ။ သို့သော်လည်း  ဒဏ်ရာရရှိသူစာရင်းကိုမူ မသိရသေး ချေ။ ကျွန်းစုများရှိ အပျက်အစီးစာရင်းမှာလည်း တဖြည်းဖြည်းချင်း နည်းပါးလာပြီဖြစ်သည်။ 

 


အစွန်အဖျားရှိကျွန်းများတွင် ပျက်စီးမှုများမှာ  ပြင်းထန်နိုင်ဖွယ် မရှိဟုလည်း ဂျွန်နသန် ဘိတ်ချ်က  ပြောသည်။ အစွန်အဖျားကျွန်းများမှာ မီးတောင်ပေါက်ကွဲရာနေရာနှင့်     ဝေးကွာသည့်အတွက်   ပျက်စီးမှု များပြားနိုင်ခြေမရှိဟု ခန့်မှန်းထားခြင်းလည်းဖြစ်သည်။ 

 


သောက်သုံးရေအတွက် စိုးရိမ် 


တွန်ဂါတာပူကျွန်းနှင့်  ၆၅ ကီလိုမီတာအကွာတွင် မီးတောင်ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။   ရေအခြေအနေနှင့်ပတ်သက်၍ စိုးရိမ် နေကြောင်း  ဂျွန်နသန် ဘိတ်ချ်က   ပြောသည်။ သောက်သုံးရေ မလုံလောက်မည်ကို   စိုးရိမ်နေရခြင်းဖြစ်သည်။  ယခုလို အခြေအနေ မျိုးဖြစ်ပေါ်လာလျှင် လူအများအပြားက  အလုအယက်ဝယ်ယူကြသဖြင့် ဈေးဆိုင်များတွင် စားသောက်ကုန်များပြတ်လပ်နေခြင်းမျိုးကို ကြား ဖူးနေကြဖြစ်သည်။  ရေနှင့်စားသောက်ကုန်များမှာလည်း  အလား တူပင် ဖြစ်သည်။ 

 


စစ်ဆေးမှုများပြုလုပ် 


နည်းပညာရှင်များသည်   ပင်မကျွန်းပေါ်မှ ရေသန့်စက်ရုံကို စစ်ဆေးမှုများ   ပြုလုပ်နေကြသည်။   နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်ကလည်း  တွန်ဂါနိုင်ငံကိုကူညီရန်  အမေရိကန် ဒေါ်လာ ၃၄၀၀၀၀ ကို    ကနဦးကူညီပေးမည်ဟု    ပြောသည်။ နယူးဇီလန်တော်ဝင်လေတပ်မှ  လေယာဉ်ကိုလည်း  တွန်ဂါနိုင်ငံရှိ အပျက်အစီးစာရင်းကို ထောက်လှမ်းရန် စေလွှတ်ခဲ့သည်ဟုလည်းသိရ သည်။    ။      

                                             
 ကိုးကား-ဆင်ဟွာ