
မနီလာ ဇန်နဝါရီ ၁၈
ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၈၄၇၁ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၂၇၀၇၅၈ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၃၄ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၅၂၉၆၂ ဦး အထိ ရှိလာခဲ့သည်။ ဓာတ်ခွဲခန်းငါးခုက အချက်အလက်များ ပေးပို့ ရန် ပျက်ကွက်ခဲ့သည်။ ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကိုဒုဇ်က နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ အခြေအနေသည် စိုးရိမ်ရသည့် အနေအထား တွင် ဆက်လက်ရှိနေသေးကြောင်း ပြောကြား ခဲ့သည်။
နိုင်ငံတစ်ဝန်းလုံးနှင့် မြို့တော် မနီလာ တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ဆက်လက်မြင့်တက်လျက် ရှိသည်။ ထို့အတူ တခြားဒေသများတွင်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီး အကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။
လွန်ခဲ့သည့်သီတင်းပတ်က မြို့တော် မနီလာတွင် ဆေးရုံတင်ရသည့် အရေအတွက် ရုတ်တရက်မြင့်တက်လာခဲ့သည်။
ထို့ပြင် အားနည်းချက်များနှင့် စနစ်ကြီး တစ်ခုလုံးကို ကာကွယ်ရန်၊ အိုမီခရွန်ဗိုင်းရပ်စ် ၏ အန္တရာယ်ကိုလည်း လျော့ပါးသက်သာအောင် လုပ်ဆောင်ရန် အရေးကြီးကြောင်းနှင့် ယခုအခါတွင် ခုတင်ရရှိနိုင်မှုအခြေအနေမှာ ၆၀ ရာခိုင်နှုန်းနှင့် အထူးကြပ်မတ်ကုသဆောင် အသုံးပြုနိုင်မှုသည်လည်း ၅၈ ရာခိုင်နှုန်းသာ ရှိကြောင်း ၎င်းကပြောသည်။
ဆင်ဟွာ