အစ္စရေးနိုင်ငံ၏ အလုပ်လက်မဲ့ပမာဏ ၆ ရာခိုင်နှုန်းကျဆင်း

 

 

ဂျေရုဆလင်   ဇန်နဝါရီ   ၁၈
အစ္စရေးနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေမှာ  ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၂၆၂၁၀၀ အထိကျဆင်းခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ခြောက်ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု  စာရင်းအင်းအချက်အလက်ရုံးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။ ၂၀၂၀ ပြည့်နှစ်  မတ်လနှောင်းပိုင်းမှ စတင်ကာ ယခုအချိန်သည်အလုပ်လက်မဲ့ရာခိုင်နှုန်း  အနိမ့်ဆုံးပမာဏဟု သိရသည်။  ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်က  တစ်လအတွင်း အလုပ် လက်မဲ့  ရာခိုင်နှုန်း  ၂၅  ရာခိုင်နှုန်းအထိ  ခုန်တက်ခဲ့ပြီး  လူပေါင်း တစ်သန်းကျော်မှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၁ ရက်တွင် အစ္စရေးနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်မှု စတင် တွေ့ရှိခဲ့သည်။                                                                ဆင်ဟွာ