အိုမီခရွန်ပျံ့နှံ့နေသည့်ကြားမှ  မက္ကဆီကို  စီးပွားရေးတိုးတက် 


 

မက္ကဆီကိုစီးတီး  ဇန်နဝါရီ   ၁၈
ကိုဗစ် - ၁၉ မျိုးကွဲဖြစ်သည့် အိုမီခရွန်ကူးစက်မှု     မက္ကဆီကို နိုင်ငံတွင်   ပေါ်ပေါက်နေသော် လည်း မက္ကဆီကိုနိုင်ငံ၏  စီးပွား ရေး      ပြန်လည်နာလန်ထူမှု လမ်းကြောင်းမှာ  အရှိန်ကောင်း နေဆဲဖြစ်သည်ဟု      သမ္မတ အန်ဒရက်စ်  မန်နျူရယ်လိုပက်ဇ်  အော်ဘရာဒိုက ဇန်နဝါရီ ၁၇ ရက်တွင်ပြောသည်။    
ကိုဗစ် -၁၉       ကူးစက်မှု လှိုင်းရှိနေသော်လည်း စီးပွားရေး ကြီးထွားလာမှုမှာ ရပ်တန့်မသွား သေးကြောင်း မက္ကဆီကိုသမ္မတ သတင်းထောက်များကို     ပြော သည်။ မက္ကဆီကိုသမ္မတ လိုပက်ဇ် မှာ ကိုဗစ် - ၁၉ ဒုတိယအကြိမ် ကူးစက်ခံရပြီး ခြောက်ရက်ကြာ အသွားအလာပိတ်ဆို့ကန့်သတ်ခံရပြီးနောက် သတင်းထောက်များ ကို      ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။ 
ကိုဗစ် -၁၉ ကူးစက်မှုလှိုင်း သစ်ကြောင့်  စားသောက်ဆိုင် များနှင့် အခြားသောကဏ္ဍများတွင် ထိခိုက်မှုများရှိသော်လည်း    ထို အခြင်းအရာများကို ဖြတ်ကျော် သွားနိုင်မည်ဟု   ယုံကြည်ချက် ရှိကြောင်း ၎င်းကဆက်ပြောသည်။
ဒယ်လ်တာဗိုင်းရပ်စ် ကူးစက် စဉ်ကာလ အချို့သောစီးပွားရေးကဏ္ဍများတွင်  တစ်စိတ်တစ်ပိုင်း ပိတ်မှုများ          ပြုလုပ်ခဲ့ရသည့် အတွက်  အလုပ်သမားလျှော့ချ မှုများ ပြုလုပ်ခဲ့ရသည်။ 
ယခု    တစ်ကြိမ်တွင်လည်း ကုမ္ပဏီများက ယင်းသို့လုပ်ဆောင် ရန်မလိုကြောင်း        မက္ကဆီကို သမ္မတက ပြောသည်။  အိုမီခရွန် မှာ    ဒယ်လ်တာမျိုးကွဲလောက် ပြင်းထန်မှုမရှိကြောင်း၊  ရောဂါ လက္ခဏာခံစားရမှုနှင့်    ပြန်လည် နာလန်ထူသည့်    အချိန်တို့မှာ လည်းတူညီမှုမရှိကြောင်း   ၎င်းက ဆက်ပြောသည်။ ၂၀၂၁ ခုနှစ်တွင် မက္ကဆီကို နိုင်ငံ၏စီးပွားရေးမှာ ၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မက္ကဆီကို အစိုးရက ခန့်မှန်းခဲ့ သည်။  ကနဦး စီးပွားရေးတိုးတက် မှု     အချက်အလက်များကို  ဇန်န ဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သွား မည်ဖြစ်သည်။   အင်န်အိတ်ချ်ကေ