ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်
===========================================
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများသိရှိ နိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည် -
အစီအစဉ်မှူး။ ။ ယခုလက်ရှိမြန်မာနိုင်ငံတွင်
ရန်ကုန် တိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းလုပ်ဆောင်လျက် ရှိနေတာကိုလည်း မိဘပြည်သူများ အတွေ့အမြင်ပဲ ဖြစ်ပါတယ်။
ဖြေကြားဆွေးနွေး
ဒီလိုဆောင်ရွက်နေစဉ်မှာလည်း အများ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ သိရှိလိုတာတွေလည်း တိုးမြင့် လာနေပြီလို့ သိရပါတယ်ရှင်။ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတို့ပူးပေါင်းပြီး ရုပ်မြင်သံကြား အမေး/ အဖြေကဏ္ဍကို တင်ဆက်ပေးဖို့ လမ်းညွှန် ချက်ပေးခဲ့တာကြောင့် နည်းပညာပိုင်းဆိုင်ရာ ကူညီအကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေး အဖွဲ့မှ ပါမောက္ခကြီးတွေ၊ အငြိမ်းစားပါမောက္ခ ကြီးတွေနဲ့ သမားတော်ကြီးတွေက ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ မိဘပြည်သူတွေ သိရှိ လိုတဲ့ မေးခွန်းတွေကို ဖြေကြားဆွေးနွေးပေး သွားကြမှာ ဖြစ်ပါတယ်။
ဒီနေ့အတွက် မေးမြန်းဖြေကြားဆွေးနွေး မှုမှာတော့ ပါမောက္ခဒေါက်တာဦးရဲမြ (သွေးရောဂါအထူးကုဆရာဝန်ကြီး)၊ ပါမောက္ခ ဒေါက်တာဦးစိုးလွင်ငြိမ်း (ကူးစက်ရောဂါ အကြံပေး ပညာရှင်)နဲ့ ဒေါက်တာဒေါ်သီတာလှ (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီး ဌာန)တို့က ပါဝင်ဆွေးနွေးပေးကြမှာ ဖြစ်ပါ တယ်။ ဆရာကြီးတို့/ဆရာမကြီးတို့ အားလုံး မင်္ဂလာပါရှင်။ ဟုတ်ကဲ့ပါ ပထမဆုံးအနေနဲ့ ဒီနေ့ဆွေးနွေးပွဲမှာ ပါဝင်ပြီးတော့ ဆွေးနွေး ပေးတဲ့အတွက် ဆရာကြီး/ဆရာမကြီးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါ ရစေရှင်။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေကို စတင်ဖို့ အတွက် ဆရာမကြီးကနေ ဦးဆောင်ဆွေးနွေး ပေးဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။
ဒေါက်တာဒေါ်သီတာလှ။ ။ ကျေး ဇူး တင်
ပါတယ်။ မြန်မာ့ ရုပ်မြင်သံကြား ကြည့်ရှုနေတဲ့ ပြည်သူများ အားလုံးမင်္ဂလာပါရှင်။ ကျွန်မကတော့ အဓိက တာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ရန်ကုန်တိုင်း ဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ အကြား ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အတွက် ကုသရေးဦးစီးဌာနရဲ့ အဖွဲ့ခေါင်း ဆောင်အနေနဲ့ ရန်ကုန်မြို့ကို စက်တင်ဘာ ၁၅ ရက်ကတည်းက ရောက်ရှိပြီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ထမ်းဆောင်နေ တာ ဖြစ်ပါတယ်။
ပါဝင်ဖြေကြား
ယနေ့အစီအစဉ်အရ ကျွန်မတို့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန Facebook Page မှာ မေးမြန်းထားတဲ့ မေးခွန်းတွေ အပေါ်မှာ ပြည်သူများသိရှိဖို့အတွက် ပြန်လည်ဖြေကြားပေးမယ့် အစီအစဉ်ဖြစ်ပါ တယ်။ ဒီအစီအစဉ်မှာ ကျွန်မရဲ့ဆရာကြီးများ ဖြစ်တဲ့ ဆရာကြီး ဦးရဲမြနဲ့ ဆရာကြီး ဦးစိုးလွင် ငြိမ်းတို့ နှစ်ဦးကအတူပါဝင်ပြီး ဖြေကြားပေး သွားမှာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ မေးခွန်းတွေက များတဲ့ အတွက် တူရာ၊ တူရာ မေးခွန်းတွေကို ပေါင်းစပ်ပြီးတော့ ဒီထဲကမှ ယနေ့အခြေ အနေနဲ့ ကိုက်ညီတဲ့၊ ပြည်သူတွေသိချင်တဲ့ မေးခွန်းများကို ရွေးထုတ်ထားတာ ဖြစ်ပါ တယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီး ဦးရဲမြ ရှင့်၊ ရွေးချယ်ထားတဲ့ မေးခွန်းများအနက် အနံ့မရတာနဲ့ပတ်သက်ပြီး မေးခွန်းက အများ ဆုံးဖြစ်တာကို စစ်ဆေးတွေ့ရှိရပါတယ် ဆရာကြီးရှင့်။
ဒီမေးထားတဲ့ မေးခွန်းတွေမှာတော့ အနံ့ပျောက်တိုင်း ကိုဗစ်-၁၉ ဖြစ်လာနိုင်လား။ အနံ့နဲ့ပတ်သက်ပြီးတော့ ဘာမှမရတော့တာ လား။ အနံ့နဲ့အရသာပါတွဲပြီး ပျောက်တာ လား။ ဒီရာသီမှာက မိုးမိပြီး ရာသီတုပ်ကွေး လည်းဖြစ်နိုင်တော့ ရာသီတုပ်ကွေးကရော အအေးမိ နှာစေးအနံ့ပျောက်လား စသဖြင့် မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို လည်း ဖြေကြားပေးဖို့အတွက် ဆရာကြီးကို မေတ္တာရပ်ခံပါတယ်။
ပါမောက္ခဒေါက်တာဦးရဲမြ။ ။ ဟုတ်ကဲ့ အခု
ဒုတိယ လှိုင်း မှာ ရောဂါပိုးကူးစက်ခံရတဲ့ လူတွေများလာ တာနဲ့အမျှ နောက်ပိုင်းမှာ အနံ့မရဘူးဆိုတဲ့ လက္ခဏာတစ်ခုက သိသိသာသာ ထွက်လာ တာပေါ့။ တစ်နေ့တစ်နေ့ကို ရာဂဏန်းအထိ တောင်မှ တွေ့လာရတာ ဖြစ်တယ်။ အဲဒီတော့ ဒီကိုဗစ်-၁၉ မှာ အနံ့ မရတာဟာ အရေးကြီး တဲ့ လက္ခဏာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအနံ့မရတဲ့ လက္ခဏာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထည့်သွင်းဖော်ပြ ထားပြီး ဖြစ်ပါတယ်။
တော်တော်လေးထူးခြား
ကျွန်တော်တို့ ဒီအချိန်ကာလမှာ ဒီလို အနံ့မရတာဟာ တော်တော်လေး ထူးခြားပါ တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းလေး အတွင်းမှာ စပြီးဖြစ်တာဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖို့ တော်တော်လေးများပါတယ်။ ရှင်းရှင်းပြောရရင် အခုမှဖြစ်တာ အခုမှ သိတာဆိုရင် စစ်လိုက်လို့ရှိရင် ပိုးတွေ့တာ တော်တော်လေးကို များပါတယ်။
ဒါပေမယ့် တစ်ခု သတိထားရမှာက နဂို ကတည်းကိုက ကျွန်တော်တို့နှာခေါင်းပိတ်တတ် တဲ့ ရောဂါရှိတယ်။ ခဏခဏ နှာစည်းတယ်၊ နှာချေတဲ့ ရောဂါရှိတယ်။ ဒီလူတွေက အနံ့နဲ့ ပတ်သက်ပြီး လျော့နည်းနေတာလေးတွေ တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာက အခုမှဖြစ်တဲ့ဟာ၊ သိသိသာသာ ဖြစ်လာတာက အရေးကြီးပါတယ်။ ဒီမှာအနံ့ လုံးဝပျောက်ဆုံးသွားတဲ့သူရှိသလို အနံ့ကို ခါတိုင်းလောက် မခံစားနိုင်တာ လျော့သွားတဲ့ ဟာတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ က အနံ့ပျောက်သွားပြီဆိုရင် စောစောက ပြောသလို ကပ်ရောဂါအချိန်မှာ အခုချက် ချင်းဖြစ်တာဆိုရင် အင်မတန်သတိထားဖို့ လိုပါတယ်။
ဒါကို ဆေးရုံ၊ ဆေးခန်းပြသဖို့လည်း လိုပါ လိမ့်မယ်။ အဲဒီတော့ ကျွန်တော်တင်ပြသလိုပဲ တော်တော်များများဟာ နှာခေါင်းတို့ဖတ်ယူ လို့ရှိရင် ပိုးတွေ့ရှိရပါတယ်။ အရသာပျောက် ဆုံးတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ နောက်ပြီးတော့မှ ချောင်းဆိုးတာတို့၊ မောတာတို့နဲ့လည်း တွဲဖြစ်တတ်ပါတယ်။ များသောအားဖြင့် အနံ့ပျောက်တာတစ်ခု တည်းဆိုရင် ကျွန်တော်တို့က အခြေအနေ တော်တော်လေးကောင်းတယ်ပေါ့။ တော် တော်များများက ပြန်ပြီးတော့ ကောင်းသွားကြ ပါတယ်။
ဒါပေမယ့် ဒီအနံ့ပျောက်တယ်ဆိုထဲက ကူးစက်ခံရတယ်လို့ ယူဆတဲ့အတွက် တခြား သူတွေကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိလာနိုင် တော့ ဒီအနံ့ပျောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး ရောဂါ ကာကွယ်ဖို့အတွက်၊ ရောဂါထိန်းချုပ်ဖို့ အတွက် ကျွန်တော်တို့ရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခုကာလမှာ ချမှတ်ထားတာရှိပါတယ်။ ဒါလေးတွေကို တော့ ဒေါ်သီတာလှကပဲ နည်းနည်း ပြန်ရှင်းပြ ပေးပါ။
ဒေါက်တာဒေါ်သီတာလှ။ ။ ဟုတ်ကဲ့ပါရှင်၊
အခုလို ရှင်းပြ ပေးသွားတာ ကျေးဇူးတင်ပါတယ်။ ပြည်သူ များအနေနဲ့ကလည်း ပိုမိုပြီးတော့ ရှင်းလင်း စွာ နားလည်သဘောပေါက်မယ်လို့ ထင်ပါ တယ်။ တစ်နိုင်ငံလုံးမှာ ဒီရောဂါပိုးရှိသူများရဲ့ လက္ခဏာများအနက် ၅၆ ရာခိုင်နှုန်းခန့်က အနံ့မရတာဖြစ်တယ်လို့ ကျွန်မတို့ရဲ့ လေ့လာ ချက်များအရ၊ စစ်ဆေးတွေ့ရှိချက်များအရ သိရပါတယ်။
နာရီဝက်အတွင်းအဖြေရ
ဒါကြောင့်မို့ ကျွန်မတို့ ဒီအနံ့မရတာနဲ့ ပတ်သက်ပြီး တစ်နေ့တစ်နေ့ ဆေးရုံတွေကို လာပြီးပြတဲ့ စောင့်ကြည့်လူနာ/သံသယလူနာ အရေအတွက်က များလာပါတယ်။ ဒီလိုများ လာတဲ့အတွက်ကြောင့်မို့ အလျင်အမြန် စစ်နိုင်တဲ့ နာရီဝက်အတွင်းမှာ အဖြေရနိုင်တဲ့ Antigen Rapid Test Kit ကို ကျွန်မတို့ ဒီနေ့မှာ စပြီးသုံးလို့ရပါပြီ။ ဒီနေ့သုံးတာလည်း ကျွန်မတို့ ရန်ကုန်မြို့ပေါ်က ဆေးရုံကိုးရုံမှာ စတင်ပြီး အသုံးပြုတာဖြစ်ပါတယ်။ အဲဒီ ဆေးရုံ ကိုးရုံက ဗဟိုအဆင့် ဆေးရုံကြီး ငါးရုံ၊ တိုင်းဒေသကြီးအဆင့် ဆေးရုံ လေးရုံ အားလုံး ကိုးရုံပါ။ ကျွန်မတို့ အသုံးပြုနေပါပြီ။ ဒီနေ့စပြီး သုံးနေတာဖြစ်ပါတယ်။
ဒီဗဟိုအဆင့်ဆေးရုံကြီး ငါးရုံကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံ ကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနဲ့ အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ဂျပန် ဆေးရုံကြီး)တို့ဖြစ်ပါတယ်။ နောက် တိုင်း ဒေသကြီးအဆင့် ဆေးရုံတွေက အရှေ့ပိုင်း ဆေးရုံကြီး၊ အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ သန်လျင်နဲ့ လှိုင်သာယာပေါ့နော်။
ဒီဆေးရုံကိုးရုံမှာ ကျွန်မတို့ Antigen Rapid Test Kit ကိုသုံးပြီး စစ်ဆေးပေးနေပါ တယ်။ အဲဒီအတွက်လည်း ကျွန်မတို့ ယခင် ထက်စာရင် အခုဆေးရုံတွေမှာ PUI လို့ခေါ်တဲ့ စောင့်ကြည့်လူနာတွေ များပြားတဲ့အတွက် ကြောင့်မို့ ပြည်သူတွေစိုးရိမ်နေကြတဲ့ တစ်ဦး ကနေ နောက်တစ်ဦးကို ကူးစက်သွားတာ၊ ပိုးတွေ့ပြီဆိုရင်လည်း အချိန်မီခေါ်နိုင်ခြင်း မရှိတာတွေကိုလည်း ဒီပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ် ပါတယ်။ ယခင်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွေ၊ နောက်ဆေးရုံတွေ မှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေ၊ နောက်ရန်ကုန်/ မန္တလေးကို တိုးချဲ့ပြီးတော့ ပြည်သူ့ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွေမှာ ကျွန်မတို့ စစ်ပေးနေပေမယ့် အချိန်က ယူရပါတယ်။ အခု Rapid Test Kit ဆိုတော့ ဒီပြဿနာတွေ ကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါလေးကို ပြည်သူများကို အသိပေးလိုပါတယ်။
အနံ့မရစင်တာမှာထားရှိ
ဒီ Rapid Test Kit နဲ့ စစ်ပြီးတဲ့အခါ ခုနက အနံ့မရတဲ့ ရောဂါလက္ခဏာတစ်ခုပဲ ရှိတယ်။ ဒါပေမယ့် ဓာတ်ခွဲအတည်ပြုလူနာ ဖြစ်သွားပြီဆိုရင် ယခင်လိုမျိုး ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး ပြီးတော့ အခု ကျွန်မတို့ရဲ့ Medical Center အသစ်တွေကို ပို့ဆောင်မယ့်အစား ကျွန်မတို့က မိမိနေထိုင် ရာ မြို့နယ် တစ်နည်းအားဖြင့် လာရောက်ပြ သတဲ့ ဆေးရုံနဲ့အနီးဆုံး သို့မဟုတ် မိမိ နေထိုင်ရာမှာ အနီးဆုံးရှိတဲ့ အနံ့မရစင်တာမှာ ထားရှိပြီး လိုအပ်တဲ့ကုသမှုတွေ ပေးသွားမှာ ဖြစ်ပါကြောင်း ပြည်သူများကို သိရှိစေရန် အစီရင်ခံလိုပါတယ်။ အဲဒီအနံ့မရတဲ့ လူနာ ထားရှိရာနေရာ (Anosmia Center)တွေမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီ အစဉ်နဲ့ ကျွန်မတို့ ကျန်းမာရေးအဖွဲ့က ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်ရှင့်။
နောက်မေးခွန်းတစ်ခုနဲ့ ပတ်သက်ပြီး တော့ ကျွန်မ မေးမြန်းလိုတာက ဒီနေ့ နံနက် ၈ နာရီအထိ သေဆုံးလူနာဦးရေ ၂၇၇ ဦးရှိပြီ ဖြစ်ပါတယ်။ ကျွန်မတို့ ဓာတ်ခွဲအတည်ပြု လူနာက ၁၁၈၄၉ ဦးဖြစ်တဲ့အတွက်ကြောင့်မို့ သေဆုံးမှု ၂ ဒသမ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းထဲမှာလည်း ဒီလူတွေက ခုနကလို သေတဲ့အတွက် တအားကြောက် နေကြတော့ ဒီသေဆုံးနှုန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ လက်ရှိသေဆုံးနှုန်းကို လျှော့ချနိုင်အောင် ဘာတွေလုပ်ဆောင်နေပါ လဲ။ ရောဂါအခံရှိသူက ကိုဗစ် ကူးပြီဆိုတာနဲ့ သေရတော့မှာလား။ ရောဂါအခံရှိသူ ကူးစက် ခံရချိန်မှာ မသေအောင် ဘာတွေလုပ်သင့်လဲ။ အဖြေက သေပြီးမှ သိရတာထက် မသေခင် သိရမယ့် နည်းလမ်းကရော ဘာတွေရှိသလဲ ဆိုပြီး မေးထားပါတယ်။ ဒီမေးခွန်းကိုလည်း ဆရာကြီးအနေနဲ့ ဖြေကြားပေးစေလိုပါ တယ်။
ပါမောက္ခဒေါက်တာရဲမြ။ ။ ဟုတ်ကဲ့၊ ကျေးဇူး
တင်ပါ တယ် ခင်ဗျာ။ ၁၂၂၇၇ ရှိတော့ ၂ ဒသမ ၃ ရာခိုင်နှုန်း ပေါ့။ ဆေးရုံတက်တဲ့သူတွေထဲက ၂ ဒသမ ၃ ရာခိုင်နှုန်း သေတာဖြစ်ပါတယ်။ ဒီထက်များ ကျယ်ကျယ်ပြန့်ပြန့် စစ်နိုင်မယ်ဆိုရင် နေကောင်းတဲ့သူတွေလည်း ပိုးရှိတယ်။ သို့သော်လည်း နေကောင်းတဲ့သူတွေလည်း အများကြီး ပေါ်လာနိုင်တာဖြစ်တဲ့အတွက် ဒီထက်လည်းနည်းနိုင်တယ်။
သို့သော်လည်း ၂ ဒသမ ၃ ရာခိုင်နှုန်းကို နည်းနည်းလေးနှိုင်းယှဉ်ပေးပါရစေ။ တရုတ် ပြည်မှာ စဖြစ်တုန်းကဆိုရင် ၅ ရာခိုင်နှုန်း လောက် သေဆုံးမှုရှိပါတယ်။ အီတလီဆို ရင်လည်း ၁၁ ရာခိုင်နှုန်း လောက်ရှိတယ်။ ယူကေဆိုရင်လည်း စဖြစ်တုန်းက ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ လောလောဆယ် ထိုင်းမှာဆိုရင် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်။ ဗီယက်နမ်ကတော့ ထိန်းချုပ်သွားနိုင်ပြီဆိုပေ မယ့် ၃ ဒသမ ၃ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်တို့က ဒီလှိုင်းအနေနဲ့ ဝင်လာတဲ့ အခါ အများဆုံး ဒီလှိုင်းရိုက်ခတ်ခံရတာက အသက်ကြီးတဲ့သူတွေရယ်၊ အခြေခံရောဂါရှိ တဲ့သူတွေရယ် အရင်ဆုံး ဒီလှိုင်းရဲ့ ဒဏ်ကို ခံရတာဖြစ်တယ်။

ဒေါက်တာဒေါ်သီတာလှ။ ။ ကျေးဇူးပါ
ဆရာရှင့်။
ဒါနဲ့ပတ်သက်ပြီးတော့ ဒီနေ့အထိလည်း Containment Strategy ကို ကျင့်သုံး နေဆဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားပေမယ့် ပူးပေါင်းအကောင်အထည်ဖော်ရတာကတော့ ပြည်သူများ အပါအဝင် လူတိုင်းဖြစ်ပါတယ်။ ဒါကိုလည်း ကျေးဇူးတင်ပါကြောင်း ကျွန်မ အနေနဲ့ ပြောကြားလိုပါတယ်။ ဆရာကြီး အချိန်အကန့်အသတ် ရှိတဲ့အတွက် နောက်ဆုံးအနေနဲ့ ကျွန်မဆရာကြီးကို မေးခွန်းလေးနဲ့ အဆုံးသတ်ချင်တာကတော့ မေးခွန်းတစ်ခုက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကို မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက် ထိန်းချုပ် နိုင်ဖို့ ခန့်မှန်းထားပါသလဲ ဆိုတဲ့ မေးခွန်းပါ ဆရာကြီးရှင်။
ဒေါက်တာဦးစိုးလွင်ငြိမ်း။ ။ လူထုဘက်က
လိုက်နာဆောင် ရွက်ဖို့ အားနည်းလို့ရှိရင် ခုနက ကူးစက် ဖြစ်ပွားတဲ့ လူတွေများမယ်၊ များလို့ရှိရင် ကျွန်တော်တို့ ဆေးရုံတွေကို လူနာတွေ အရောက်များမယ်၊ များလို့ရှိရင် ဆေးရုံမှာ စောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်း တွေ ဘယ်လိုကာကွယ်ထားပေမယ့် အထိုက် အလျောက် ကူးစက်မှုတွေရှိတဲ့အတွက် ကြောင့် တခြားကိုဗစ် မဟုတ်တဲ့ လူနာတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အရည် အသွေးတွေလည်း ကျဆင်းသွားနိုင်တယ်။ ဒါကြောင့်မို့ အချိန်မီ ထိန်းချုပ်နိုင်မှုအတွက် ပြည်သူလူထုက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို ဘယ်လောက် တိတိကျကျနဲ့ စုပေါင်းလိုက်နာနိုင်လဲ အပေါ်မှာ မူတည်တယ်။ အားလုံး တိတိကျကျနဲ့ စနစ်တကျ နေ့တိုင်းနေ့တိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ခုနက ကူးစက်မှုထိန်းချုပ်နိုင်မယ့် အချိန်က မကြာခင် ကျွန်တော်တို့ရရှိမှာ ဖြစ်ပါတယ်။
ဒေါက်တာဒေါ်သီတာလှ။ ။ မိဘပြည်သူ
များရှင်၊ အရေးကြီးတဲ့ မေးခွန်းတွေကိုပဲ ကောက်နုတ် ပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ နောက် ရက်တွေမှာလည်း ကျန်သော ပညာရှင်များ၊ ဆရာကြီးများကနေပြီးတော့ ဆက်လက် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ဆရာကြီး နှစ်ဦးကိုရော၊ မြန်မာ့ရုပ်မြင်သံကြားကိုရော၊ ဒီလို အစီ အစဉ်လေးဖြစ်မြောက်အောင် ဆောင်ရွက် ပေးတဲ့၊ ညွှန်ကြားပေးတဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုရော အထူး ကျေးဇူးတင်ပါတယ်။ ကိုဗစ်ဘေးရန်ကနေ လည်း ကင်းဝေးကြပါစေလို့ ဆုတောင်း လိုက်ပါတယ်ရှင့်။