အဲမော်လတာလေကြောင်းလိုင်း လုပ်သားအင်အား တစ်ဝက်လျှော့ချမည်

 

ဗလက်တာ ဇန်နဝါရီ ၁၆


ဘဏ္ဍာရေးအရ     ဆက်လက် ရှင်သန်နိုင်ရေးအတွက်  အဲမော် လတာ     လေကြောင်းလိုင်းမှ ဝန်ထမ်းအင်အားကို    တစ်ဝက် လျှော့ချသွားမည်ဟု  ဘဏ္ဍာရေး ဝန်ကြီး   ကလိုက်ကာရူအန်နာ က  ဇန်နဝါရီ ၁၄ ရက်တွင် ပြော သည်။  

 


အဆိုပါ   လေကြောင်းလိုင်း တွင် ဝန်ထမ်းအင်အား ၈၉၀ ရှိ သည်။    ဝန်ထမ်းအင်အားထဲမှ  ၄၇၀ ကို   အခြားသော  အစိုးရ လုပ်ငန်းများတွင်   တူညီသည့်    လစာအခြေအနေဖြင့် ဆက်လက် ခန့်ထားသွားရန် စီစဉ်ထားသည် ဟု သိရသည်။ 

 


ယခုနှစ်     နွေရာသီတွင် အပြီးလုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်နှစ်တာအတွင်း  ယူရို    ၁၅ သန်းဝန်းကျင်    ကုန်ကျစရိတ် သက်သာစေရေးအတွက်  မျှော် လင့်ထားသည်ဟု    ဘဏ္ဍာရေး ဝန်ကြီးက  သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

 


ကုန်ကျစရိတ် လျှော့ချသည့် အစီအစဉ်အရ    စီမံခန့်ခွဲရေး ဝန်ထမ်း  ၁၁၀  ကိုလည်း  အစိုးရ အခြားသော    ဌာနများတွင် ပြောင်းရွှေ့ခန့်ထားပေးသွားမည် ဖြစ်သည်။ 
ဥရောပကော်မရှင်နှင့်   အခြေ အတင်     ဆွေးနွေးညှိနှိုင်းကာ အဲမော်လတာ လေကြောင်းလိုင်း အတွက်  အခွင့်အရေးရရှိအောင် ကြိုးပမ်းနိုင်ခဲ့ကြောင်း၊ ယခုပြုလုပ် သည့်    အစီအစဉ်အရ   ကုမ္ပဏီ ဒေဝါလီမခံရရေး     ကယ်တင် ပေးနိုင်မည်ဟု    ယုံကြည်ကြောင်း ၎င်းက   ဆက်လက်ပြောကြားခဲ့ သည်။                        

 ဆင်ဟွာ