ဂျပန်နိုင်ငံမြောက်ပိုင်း သောကြာနေ့အထိ နှင်းမုန်တိုင်းကျရောက်မည်

 

တိုကျို ဇန်နဝါရီ ၁၃ 


ဆောင်းရာသီမုန်တိုင်းသည်     ဂျပန်နိုင်ငံမြောက်ပိုင်း မှ    အနောက်ပိုင်းအထိ    ဆီးနှင်းများကို   ထူးကဲ ဆိုးရွားစွာ   ကျဆင်းစေခဲ့သည်။  
ဆီးနှင်းများသည်  ညတွင်းချင်း လျင်မြန်စွာ  စုပုံ ကျဆင်းလာခဲ့ပြီး ယာဉ်မောင်းများအတွက် အန္တရာယ် များသော   အခြေအနေကို   ဖန်တီးဖြစ်ပေါ်စေခဲ့ သည်။ 
ဂျပန်မိုးလေဝသအေဂျင်စီက  ဇန်နဝါရီ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ သုံးနာရီကြာ အချိန်အတွင်း    နာဂါနိုခရိုင်နှင့်    နီအီဂါတာခရိုင်ရှိ တောင်ကုန်းထူထပ်သည့်နေရာများတွင် ဆီးနှင်းများ သည် ၂၅ စင်တီမီတာဝန်းကျင်အထိ ဖုံးလွှမ်းကျဆင်း ခဲ့ကြောင်း ပြောသည်။ 

 


သောကြာနေ့နှောင်းပိုင်းအထိ   ၂၄   နာရီအချိန် အတွင်း နီအီဂါတာနှင့် ဂန်မာခရိုင်များတွင်   ဆီးနှင်း များသည် ၈၀ စင်တီမီတာအထိ၊   ဟိုကူရီကူဒေသ တွင် ၇၀ စင်တီမီတာအထိ၊    နာဂါနိုခရိုင်တွင် ၆၀ စင်တီမီတာအထိ၊   ဂီဖုခရိုင်နှင့်    ကန်ဆိုင်းခရိုင် တို့တွင်လည်း   ၆၀ စင်တီမီတာအထိ   ကျဆင်းနိုင် ကြောင်း ခန့်မှန်းထားသည်။ 

 


မိုးလေဝသအေဂျင်စီက ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ပြင်းထန်အေးစက်သည့် လေပြင်းများကျရောက်နိုင် ပြီး ယင်းလေပြင်းများသည် နှင်းမုန်တိုင်းအသွင်ဖန်တီး ဖြစ်ပေါ်စေမည်ဖြစ်ကာ     ယာဉ်မောင်း၍လုံးဝရမည် မဟုတ်ကြောင်း သတိပေးထားသည်။ 

 


ဒေသခံများကိုလည်း      ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို  သတိဖြင့်နေထိုင်သွားလာကြရန် အဆိုပါအေဂျင်စီက တိုက်တွန်းထားသည်။ 


အင်န်အိတ်ချ်ကေ