
မနီလာ ဇန်နဝါရီ ၁၀
ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၃၁၆၉ ဦး တိုးလာပြီး နောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၉၉၈၅၃၀ အထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်း ထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၄၅ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံး သူပေါင်း ၅၂၂၉၃ ဦးအထိ ရှိလာခဲ့သည်။ ဓာတ်ခွဲခန်း ၁၀ ခုမှာ သတင်းအချက်အလက်များ ပေးပို့ရန် ပျက်ကွက်ခဲ့သည်။ စနေနေ့မှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် မြင့်တက်လာခဲ့ သည်။ ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်နှင့် ကူးစက်မြန် ပြင်းထန် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်တို့ ခြိမ်းခြောက် လျက်ရှိသော်လည်း အားလပ်ရက်ရာသီတွင် ပြည်သူ များ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် အားနည်းပျက်ကွက်မှုများကို အရာရှိ များက ပြစ်တင်လျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့် အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၄ သန်း ကျော်ရှိလာပြီဖြစ်သည်။ ဆင်ဟွာ