အစ္စရေးနိုင်ငံ၌ ကိုဗစ် -၁၉ ဆေးစစ်ကိရိယာများကို အစားအသောက်ရောင်းချသည့် စတိုးဆိုင်များတွင် ရောင်းချခွင့်ပြု

 

 

ဂျေရုဆလင် ဇန်နဝါရီ ၁၀
အစ္စရေးနိုင်ငံ၌  အစားအသောက် ရောင်းချ သည့် စတိုးဆိုင်များတွင် ကိုဗစ် -၁၉ ကိုယ်တိုင် ဆေးစစ်နိုင်သည့် ကိရိယာများကို ရောင်းချ ခွင့်ပြုတော့မည်ဟု     အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ 
ကိုဗစ် -၁၉ ဆေးစစ်မှုများကို ဈေးနှုန်း ချိုချိုသာသာဖြင့်      ပြုလုပ်နိုင်ရေးအတွက် ယခုလို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန် ကိုဗစ် -၁၉ ဆေးစစ်ကိရိယာများကို ဆေးဆိုင် များတွင်သာ ရောင်းချခွင့်ပြုထားသေးသည်။ 
အစ္စရေးနိုင်ငံ၌  အသစ်ထုတ်ပြန်ထား သည့် အသွားအလာကန့်သတ်မှု စည်းကမ်း ချက်များအရ အသက် ၆၀ အောက် ကာကွယ် ဆေးထိုးပြီးသားနှင့်     မကြာသေးမီကမှ ပြန်လည်နာလန်ထူလာသူများ နေအိမ်၌ပင် ကိုဗစ် -၁၉  ဆေးစစ်မှုပြုလုပ်ပြီး    ရောဂါရှိ ကြောင်း   အဖြေထွက်ပါက  အသွားအလာ ကန့်သတ်မှုခံယူရန်မလိုဟုလည်း  သိရသည်။
ဇန်နဝါရီ  ၉   ရက်   အစောပိုင်းအထိ အစ္စရေးနိုင်ငံ၌   လက်ရှိရောဂါ ဖြစ်ပွားနေသူ ၁၁၅၄၂၄ ဦးရှိသည်ဟု သိရသည်။ ကိုဗစ် -၁၉ နှင့်ဆက်စပ်ပြီး      သေဆုံးမှုနှုန်းမှာလည်း နောက်ထပ်  ခြောက်ဦး  ထပ်မံတိုးလာသည့် အတွက်  သေဆုံးသူစုစုပေါင်းမှာ ၈၂၆၅ ဦး ရှိလာသည်။ စိုးရိမ်ရသည့်အခြေအနေရှိသည့် လူနာဦးရေမှာလည်း ၁၇၂ ဦးမှ ၂၀၅ ဦးအထိ တိုးလာကြောင်း ဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ