ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ စုဝေးရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး

 

 

နေပြည်တော် ဇန်နဝါရီ  ၁၀
စစ်ကိုင်းတိုင်းဒေသကြီး  ယင်းမာပင်မြို့နယ်အတွင်း   အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ အစည်းအဝေး ပြုလုပ်စုဝေးနေသည့်   PDF  အမည်ခံ   အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီးခဲ့ရာ အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်း ငါးလောင်း၊လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်မှာ ယနေနံနက်ပိုင်းတွင်စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်မြို့နယ်အတွင်း   အကြမ်းဖက်လုပ်ငန်းများ  လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၅၀ ခန့်သည် ဦးနှောက် ကျေးရွာ၌ အစည်းအဝေးပြုလုပ်စုဝေးနေကြောင်း   ဆူပူအကြမ်းဖက်မှု ကို မလိုလားသည့်   ကျေးရွာသားအချို့က  အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြား သတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက               မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်  အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့်  အပြန်အလှန်   ထိတွေ့ပစ်ခတ်မှုများ  ဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏  တောင်ဘက်သို့     ဖရိုဖရဲ  ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ အကြမ်းဖက် သမား ငါးဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ M4A1   သေနတ်  တစ်လက်၊   MK   12   သေနတ် တစ်လက်၊   လက်လုပ်ခါးချိုးသေနတ်  ၁၄  လက်၊ လက်လုပ်သေနတ်အတို   သုံးလက်၊    လက်လုပ် စိန်ပြောင်း နှစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊  လက်လုပ် စိန်ပြောင်းဗုံးသီး ၁၆ လုံး၊ ကျည်မျိုးစုံ ၁၅၅ တောင့်၊ ကျည်အိမ်   သုံးခု၊   လမ်းလျှောက်စကားပြောစက်   နှစ်လုံး၊   ဖောက်ခွဲဖျက်ဆီးမှုများ     ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ Ford အမျိုး အစား မော်တော်ယာဉ်အမှတ်၊  7 L /----- တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့သည်။ 
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့ တွင်း    ဝင်ရောက်၍     အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာနေထိုင်နိုင်ရေးအတွက်       လုံခြုံရေး တပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့ များ၏   ဝင်ထွက်သွားလာမှု   သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားကြောင်း သိရ သည်။                                               သတင်းစဉ်