
နေပြည်တော် ဇန်နဝါရီ ၁၀
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကာတာနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး
ရှိတ် ခါလက် ဘင် ခါလီဖာ ဘင် အက်ဘ်ဒူလာဇီ အယ်လ်-တာနီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ကာတာနိုင်ငံအစိုးရနှင့် မိမိအနေဖြင့် အဆွေတော်ထံသို့ စစ်မှန်သော နှုတ်ခွန်းဆက်သမှုနှင့် ဂုဏ်ယူဝမ်းမြောက်မှုတို့ကို ဖော်ပြလျက် အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါသည်။