 
အင်းတော် ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်း              ဒေသကြီး အင်းတော်မြို့နယ်   နန့်ခင်ကျေးရွာ အနီးရှိ   နန့်ခင်ချောင်းအတွင်း၌  ယခုအခါ တရားမဝင် ရွှေတူးနေ ခြင်းနှင့် တရားမဝင် သဲကျောက် များ    ထုတ်ယူ နေခြင်းများကြောင့် နန့်ခင်ချောင်း ရေမှာနောက်ကျိ ပြီး     အသုံးပြု၍မရဘဲ    ဖြစ်နေ ကြောင်း  ဒေသခံများထံမှ   သိရ သည်။
တရားမဝင်ရွှေတူးဖော်
ယခင်က    နန့်ခင်ချောင်း အတွင်းရှိ ရေများသည် ကြည်လင် အေးမြပြီး နွေရာသီရေများ  ရှားပါး လာပါက ချောင်းအနီးတွင် နေထိုင် ကြသော    နန့်ခင်ကျေးရွာနေ ဒေသခံပြည်သူများနှင့် အင်းတော် မြို့နေ   ပြည်သူများမှာ  အဆိုပါ ချောင်းရေကို ချိုးရေ၊ သုံးရေနှင့်    တိရစ္ဆာန်များအတွက် သောက်သုံး ရေအဖြစ်      အသုံးပြုရရုံသာမက မီးဘေးအန္တရာယ်များ ကျရောက် လာပါက လိုအပ်သော ရေများကို   ယင်းချောင်းအတွင်းမှ       စုပ်ယူ အသုံးပြုကြရခြင်း ဖြစ်သော်လည်း   ယခုအခါတွင်   ချောင်းအတွင်း၌ တရားမဝင် ရွှေတူးဖော်နေခြင်းနှင့် သဲကျောက်များ ထုတ်လုပ်နေခြင်း များကြောင့်  ချောင်းတိမ်ကောပြီး  ရေအရင်းအမြစ်   ပျောက်ကွယ် သွားမည်ကို  ဒေသခံများ  စိုးရိမ် လျက်ရှိကြသည်။
ရေအသုံးပြုလို့မရ
“ဒီနန့်ခင်ချောင်းရေက  မြင်ရ တဲ့ အတိုင်းပဲ၊  ရေက နောက်ကျိ နေပြီး     အသုံးပြုလို့     မရအောင် ဖြစ်နေတယ်။    ဟိုတုန်းကတော့   ရေက ကြည်လင်အေးမြပြီးတော့       နွေရာသီ       ရေရှားပါးလာရင်  ကျွန်တော်တို့ ဒေသခံတွေ ချိုးရေ၊ သုံးရေ၊        တိရစ္ဆာန်အတွက်   သောက်သုံးရေအဖြစ်    အသုံးပြုရ ပါတယ်။ အခု ရေတွေကနောက်ကျိ နေတော့ အသုံးပြုလို့  မရတော့ ဘူး။  ဒီချောင်းရေက    အင်းတော် လေး အင်းအတွင်းကို    စီးဝင်သွား တာပါ။  အင်းရေလည်း သန့်ရှင်းမှု မရှိတော့တာ တွေ့ရပါတယ်” ဟု နန့်ခင်ကျေးရွာသား     တစ်ဦးက ပြောသည်။
သက်ဆိုင်ရာက 
ဆောင်ရွက်ပေးရန်
ယခင်ကကဲ့သို့        နန့်ခင် ချောင်းရေ  ပြန်လည်ကြည်လင် အေးမြပြီး    ဒေသခံပြည်သူများ၊   မြို့နေလူထုများ  ချိုးရေ၊  သုံးရေ နှင့် တိရစ္ဆာန်များ သောက်သုံးရေ  အတွက်   ပြန်လည်အသုံးပြုလာနိုင် စေရန်နှင့်     အင်းရေအနှောင့် အယှက်     မဖြစ်စေရေးအတွက် သက်ဆိုင်ရာမှ လိုအပ်သလိုပြုပြင် ဆောင်ရွက်ပေးစေရန်      ဒေသခံ များက လိုလားလျက်ရှိသည်။
အဆိုပါ   နန့်ခင်ချောင်းသည်  ကသာမြို့အနီးရှိ ဖက်ဆွပ်တောင် မှ   ချောင်းဖျားခံပြီး    အင်းတော် လေးအင်းသို့     ဖြတ်သန်းစီးဝင် သွားသော ချောင်းဖြစ်သည်။
လှိုင်ဘွား(ဗန်းမောက်)
 
      


