(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို သီပေါ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

 

သီပေါ   ဇန်နဝါရီ    ၉


(၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်  တိန်းချေတိန်းစံကျေးရွာအုပ်စု နောက်ကတ်ကျေးရွာ သန့်ရှင်း သာယာလှပရေးနှင့်  ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က ပြည်သူ့ အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြသည်။

 


ထိုသို့   ဆောင်ရွက်ရာတွင် နောက်ကတ် ကျေးရွာ   ရွာဦးဘုန်းတော်ကြီးကျောင်းနှင့်  ရိုးရာ    အစဉ်အလာမပျက်   ဒေဝါစင်မြင့် သွားရာ လမ်းတစ်လျှောက်အပြင် ရွှေတောင် စာကြည့်တိုက်ဝန်းကျင်တို့၌  ကျေးရွာလူကြီး  များ   ဦးဆောင်၍   ဒေသခံပြည်သူများ၊ ရွှေတောင်စာကြည့်တိုက် တာဝန်ခံစာရေး ဆရာ ဇာဏီဟိန်း (သီပေါ) နှင့်  စာကြည့် တိုက်    အသင်းဝင်   လူငယ်မောင်မယ်များ စုပေါင်းကာ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊    ရေစီးရေလာ ကောင်းမွန်ရန် ကောနေသော မြောင်းများ ပြန်လည် တူးဖော် ခြင်း    စသည့်       ပြည်သူ့အကျိုးပြုလုပ်ငန်း များ    ပါဝင်ဆောင်ရွက်ကြကြောင်း      သိရ သည်။


စိုင်း(သီပေါ)