ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် (ပထမအကြိမ်)ထိုးနှံ

 

ကျောက်ဖြူ   ဇန်နဝါရီ    ၉


ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိသူများကို     ယနေ့ နံနက် ၉ နာရီက ကျန်းမာရေး ဌာနမှ  ဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့  သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ်   (ပထမအကြိမ်)ထိုးနှံပေးလျက်ရှိသည်။

 


အဆိုပါ   IDPs   စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများ  ဆောင်ရွက်ရာတွင် ၎င်း   စခန်းမှ စေတနာ့ဝန်ထမ်း လူငယ်များက     လိုအပ်သည်များ  ကူညီ       ဆောင်ရွက်ပေးခြင်း၊   အထွေထွေ      အုပ်ချုပ်ရေးဦးစီး ဌာနမှ  ဝန်ထမ်းများက ကာကွယ် ဆေး လာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်းကောက် ယူခြင်းများ         ဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ်       ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်းတို့ကို  စနစ်တကျဆောင်ရွက် ပေးကာ ပုံမှန်အခြေအနေရှိသူများ သာ ကာကွယ်ဆေးများကို   ထိုးနှံ ပေးသည်။ 

 


ကျောက်ဖြူမြို့ ကျောက်တစ် လုံး  IDPs  စခန်းတွင်    ခိုလှုံနေ သူ ၁၀၀၈ ဦးရှိပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုး နှံပြီးသူ   စုစုပေါင်း   ၆၆၇ ဦး ရှိကာ     ပဉ္စမအသုတ် (ပထမအကြိမ်)   ကာကွယ်ဆေး  လာရောက်ထိုး  နှံသူ ၂၉၈ ဦးရှိ၍    ဆေးထိုးရန် ကျန်ရှိ          နေသူများကိုလည်း     ဆက်လက်ထိုးနှံပေး   လျက်ရှိ ကြောင်း             မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန  တာဝန်ရှိ သူတစ်ဦးထံမှ  သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း