ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်ရှိ Top Dairy Farm ပုဂ္ဂလိကနွားမွေးမြူရေးခြံအား ကြည့်ရှုအားပေး

 

ညောင်တုန်း   ဇန်နဝါရီ     ၉


ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့်  တာဝန် ရှိသူများသည် ဇန်နဝါရီ ၈ ရက်က   ညောင်တုန်းမြို့နယ်     ကျုံတမာ ကျေးရွာအုပ်စု ပဲရုံဆိပ်ကျေးရွာရှိ Top  Dairy  Farm  ပုဂ္ဂလိက နွားမွေးမြူရေးခြံသို့  ရောက်ရှိ လာရာ မအူပင်ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးညီညီထွေး၊ ညောင်တုန်းမြို့နယ်  စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက      ကြိုဆိုကြပြီး တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    နို့စားနွား မွေးမြူရေးလုပ်ငန်း၊        နွားနို့ ထုတ်လုပ်        ရောင်းချနေမှုနှင့် လုပ်ငန်း      ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး   ဒေါက်တာ  မိုးမိုးခိုင်နှင့် လုပ်ငန်းရှင်   ဦးမြတ် သိန်းထွန်း တို့က လိုက်လံရှင်းလင်း ပြသပြီး   ဝန်ကြီးချုပ်က   လိုအပ် သည်များ  မှာကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ချောင်းကြီး  တိုက်နယ်ဆေးရုံသို့ သွားရောက် ကာ     ကျန်းမာရေးဝန်ထမ်းများ နှင့်    ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် နှာခေါင်းစည်း အခု      ၁၀၀၀၊ Level 2 PPE  ဝတ်စုံ ၁၀၀  စုံတို့ကို    ပေးအပ်လှူဒါန်းရာ         မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးလှိုင်နှင့် ချောင်းကြီးတိုက်နယ် ဆေးရုံအုပ် ဒေါက်တာ သက်စုမွန် ဝင်း  တို့က  လက်ခံရယူကြောင်း   သိရသည်။


မြို့နယ်(ပြန်/ဆက်)