မြန်မာနိုင်ငံ၌ ကာကွယ်ထိန်းသိမ်းထားသော သဘာဝနယ်မြေ ၁၉ ခုနှင့် ဆင်စခန်း ၂၂ ခုကို သဘာဝအခြေခံခရီးသွားလုပ်ငန်းနယ်မြေများအဖြစ် ဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ     ၈


အာရှဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှူး၍ နိုင်ငံတကာသဘာဝအခြေခံခရီးသွား လုပ်ငန်း နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အာရှ-ပစိဖိတ် သဘာဝအခြေခံခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ -၂၀၂၂ ကို ယနေ့တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Keynote Speaker အဖြစ် ပါဝင်တက်ရောက်သည်။

 


အဆိုပါညီလာခံတွင် အာရှဒေသ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကွန်ရက်ဥက္ကဋ္ဌ   Mr.  Masaru Takayama က အဖွင့်မိန့်ခွန်းပြောကြားပြီး ကမ္ဘာလုံး ဆိုင်ရာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကွန်ရက် ဥက္ကဋ္ဌ Mr. Glenn Jampol ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖန်တီးမှုဝန်ကြီးဌာန ဝန်ကြီး Dr.H.Sandiaga Salahuddin Uno နှင့် ဟိုတယ်နှင့်       ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်တို့က အမှာစကားများ ပြောကြားကြသည်။

 


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက် နိုင်ရေးအတွက် မဟာဗျူဟာအစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား ကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံ (၂၀၂၁-၂၀၂၅) ကို ရေးဆွဲခဲ့ပြီး ခရီးသွားလုပ်ငန်း များ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး အစီအမံ များကို ချမှတ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းပင်မစီမံကိန်း၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း မူဝါဒ၊ မြန်မာနိုင်ငံ သဘာဝနယ်မြေ များအတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမူဝါဒ နှင့်  အုပ်ချုပ်လုပ်ကိုင်မှု  မဟာဗျူဟာအစရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများကို  နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲခဲ့ကြောင်း။

 


 မြန်မာနိုင်ငံသည် ဂေဟစနစ်နှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ အမျိုးအစားစုံလင်သည့် နိုင်ငံဖြစ် သည်နှင့်အညီ သဘာဝအလှအပများနှင့် ယဉ်ကျေးမှု များကို နောင်လာနောက်သားများသို့ လက်ဆင့်ကမ်း အမွေပေးနိုင်ရန် ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊   ဒေသခံပြည်သူများကိုလည်း  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်    ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာ ဗဟုသုတများ တိုးတက်လာစေရန် ပညာပေးဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကာကွယ် ထိန်းသိမ်းထားသော  သဘာဝနယ်မြေ  ၁၉ ခုနှင့် ဆင်စခန်း ၂၂ ခုကို သဘာဝအခြေခံခရီးသွားလုပ်ငန်း နယ်မြေများအဖြစ်   သတ်မှတ်ဆောင်ရွက်လျက် ရှိကြောင်း၊   သဘာဝအခြေခံ   ခရီးသွားလုပ်ငန်း အပါအဝင်    ခရီးသွားလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူအားလုံး   ဟန်ချက်ညီညီ  ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်သာမက  ခရီးသွား ကျင့်ဝတ်များနှင့်အညီ   ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ဆွေးနွေးသည်။

 


မွန်းလွဲပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းအကြံပေး ဒေါ်ကြည် ကြည်အေးက “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအား New  Normal   ပုံစံဖြင့်  ပြန်လည်စတင်ရာတွင် ဆောင်ရွက်သွားမည့်   သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုင်ရာ  အလေ့အကျင့်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ   ညွှန်ကြားရေးမှူး  ဦးဇေယျာမျိုးအောင်က “မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့်   ဆက်လက်ဆောင်ရွက်မည့် နည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေး ကြပြီး  အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် တစ်ဦးနှင့် ဥရောပသဘာဝအခြေခံ ခရီးသွားလုပ်ငန်းကွန်ရက်မှ Kirsi Hyvaenerin တို့က သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုင်ရာ Keynote Talk များ ပြောကြားခြင်း၊ မွန်ဂိုလီးယားနိုင်ငံ၊    ကမ္ဘောဒီးယားနိုင်ငံနှင့် သီရိ လင်္ကာနိုင်ငံတို့မှ “သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အထောက်အကူပြုမူဝါဒများ” ခေါင်းစဉ်အောက်တွင် ဆွေးနွေးခြင်း၊   နော်ဝေနိုင်ငံမှ   သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ အကြံပေးမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ အော်စလိုကြေညာစာတမ်း ကို ဖတ်ကြားခြင်း၊ Global Sustainable Tourism Council  ဒုတိယဥက္ကဋ္ဌနှင့် Asia Pacific Green Destination  ကိုယ်စားလှယ်ဖြစ်သူ အာရှသဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ဒုတိယဥက္ကဋ္ဌ တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး ပထမ နေ့ ဆွေးနွေးပွဲအစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။ 

 


ညီလာခံ ဒုတိယနေ့ အစီအစဉ်များကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ရာ အစီအစဉ်အရ ထိုင်းနိုင်ငံ၊ တရုတ်(တိုင်ပေ)၊ အင်ဒိုနီးရှားနိုင်ငံနှင့်    တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ  ကျွမ်းကျင်ပညာရှင်များက “ဒေသခံပြည်သူများမှ  ဆောင်ရွက်သည့်  သဘာဝ အခြေခံခရီးသွားလုပ်ငန်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စား လှယ်များက “လုပ်ငန်းရှင်များမှ ဆောင်ရွက်သည့် သဘာဝအခြေခံ  ခရီးသွားလုပ်ငန်း”  ခေါင်းစဉ်ဖြင့် လည်းကောင်း     အသီးသီးဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။ 


သတင်းစဉ်