(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား MRTV မှ တိုက်ရိုက် ထုတ်လွှင့်မည်

 

နေပြည်တော်   ဇန်နဝါရီ   ၂


၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်  လွတ်လပ်ရေး နေ့ နိုင်ငံတော်အလံ   အလေးပြုပွဲအခမ်းအနား ကို ဇန်နဝါရီလ  ၄ ရက် နံနက် ၇   နာရီတွင် နေပြည်တော်   မြို့တော်ခန်းမရှေ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းအခမ်းအနား ကျင်းပ ပုံများကို နံနက် ၆ နာရီ မိနစ်   ၄၀ မှ စတင်၍  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)၊ MITV၊ Chan-nel 7၊ Channel 9၊ 5 Plus၊ Skynet (တိုင်းရင်း သားအစီအစဉ်)နှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊  မန္တလေး FM ၊  ပဉ္စဝတီ FM၊ ရွှေ FM  တို့မှ   တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး MRTV Facebook Page မှလည်း Live Streaming ထုတ်လွှင့်သွားမည်ဖြစ်သည်။


သတင်းစဉ်