
မြစ်ကြီးနား ဇန်နဝါရီ ၁
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုး သမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင် ရေးအလံပေးအပ်ပွဲနှင့် အောင်နိုင် ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီ တွင် ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပသည်။
အောင်နိုင်ရေးအလံ ပေးအပ် ပွဲတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်သူက ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာများ စီမံဆောင် ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အသင်းအုပ်ချုပ်သူ ဒေါ်ခင်မိုးသဲက အောင်နိုင်ရေး အတွက် စခန်းသွင်းလေ့ကျင့်ခဲ့မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ပြည်နယ် လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် ပြိုင်ပွဲမှတစ်ဆင့် အတွေ့အကြုံကောင်း၊ သင်ခန်းစာ ကောင်းများ ဖော်ထုတ်ရယူခဲ့ကြ ရန်လိုကြောင်း၊ အားကစားသမား ကောင်းစိတ်ဓာတ်ဖြင့် တရားမျှတ သန့်ရှင်းစွာ ယှဉ်ပြိုင်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီး မှုကို ပိုမိုမြှင့်တင်နိုင်သည့် အားကစားချစ်ကြည်ရေးသံတမန် ကောင်း တာဝန်ကို ကျေပွန်ခဲ့ကြ ရန်လိုကြောင်း၊ ထို့အပြင် အား ကစားနှင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစား သူရဲကောင်းများအဖြစ် သမိုင်း မော်ကွန်း ရေးထိုးခဲ့ကြရန် လိုကြောင်း တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း တို့က ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီ လှူဒါန်းပေးကြသည့် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး U-25 အမျိုးသမီး ဘောလုံးအသင်း အတွက် အောင်နိုင်ရေးအလံကို အသင်းအုပ်ချုပ်သူများထံ ပေးအပ် ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၇၅)နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆင်ယင်ပြသ သွားမည့် ပြည်နယ်၏ အထင်ကရ နေရာများ၊ ထုတ်ကုန်များနှင့် ရိုးရာဓလေ့ ထုံးစံများအား မော်တော်ယာဉ် သုံးစီးဖြင့် အလှဆင်၍ ပါဝင်ပြသနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုများ နှင့် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)