
ကော့သောင်း ဇန်နဝါရီ ၁
အက်ဒမန် ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းနစ်မြုပ်ကာ ထိုင်း ရေပြင်ပိုင်နက်အတွင်းသို့ ဒီဇင် ဘာ ၂၈ ရက်က မျောပါရောက် ရှိခဲ့သည့် မြန်မာငါးဖမ်းလှေ တစ်စင်းမှ လှေလုပ်သားခြောက်ဦး အား ထိုင်းနိုင်ငံ ရနောင်းမြို့ တာဝန်ရှိသူများက ကယ်ဆယ် ကာ အဆိုပါနေ့ ညနေပိုင်းက မြန်မာနိုင်ငံ တာဝန်ရှိသူများထံ သို့ ပြန်လည်လွှဲပြောင်းပေးအပ် သည်။
အဆိုပါ(အမည်မရှိ)ငါးဖမ်း လှေမှာ ထိုင်း-မြန်မာနယ်စပ် မြန်မာ့ပင်လယ်ပြင်အတွင်း ငါး ဖမ်းထွက်စဉ် စက်ချွတ်ယွင်းမှု ဖြစ်ပွားပြီး နစ်မြုပ်ခဲ့ကာ ပင်လယ်ရေစီးကြောင်းနှင့်အတူ လှေလုပ်သား ခြောက်ဦး အသက် ရှင်လျက် မျောပါ၍ ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ရောက်ရှိသွား ရာ ထိုင်းနိုင်ငံ နယ်ခြားစောင့် Royal Thai Navy တပ်ဖွဲ့က တွေ့ရှိ ကယ်ဆယ်ခဲ့သည်။ ၎င်းတို့ အား ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိ မရှိ စစ်ဆေး မှုများဆောင်ရွက်ပြီး ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး ရှေးရှုကာ မြန်မာနိုင်ငံ ကော့ သောင်းမြို့မှ တာဝန်ရှိသူများထံ သို့ ပြန်လည်လွှဲပြောင်း ပေးအပ် ခြင်းဖြစ်သည်။
အဆိုပါ လှေလုပ်သားများ အား ကော့သောင်းမြို့တာဝန်ရှိ အဖွဲ့အစည်းများက စနစ်တကျ ပြန်လည်လက်ခံခဲ့ပြီး လိုအပ် သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ကာ လှေလုပ်သားများ အား ကိုဗစ်- ၁၉ ရောဂါ ကူးစက် မှုမဖြစ်ပွားစေရန် မိုးကုတ် Quarantine Center ၌ ၁၀ ရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ပြီး ကိုဗစ်- ၁၉ ရောဂါ ပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန် လည် ပို့ဆောင်ပေးမည်ဖြစ် ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)