
ဆောင်းပါး
=======
မြန်မာ့ထုတ်ကုန် ကမ္ဘာသိစေဖို့
====================
ဒေါက်တာသက်လွင်ဦး
(MYANTRADE)
ကုန်အမှတ်တံဆိပ်
“Brand” ကုန်အမှတ်တံဆိပ်ဆိုသည်မှာ အခြေအနေအမျိုးမျိုးပေါ်မူတည်၍ ကွဲပြား ခြားနားကြပြီး လူပုဂ္ဂိုလ်နှင့်ကုန်ပစ္စည်း တစ်စုံတစ်ခု၏ အမှတ်လက္ခဏာအဖြစ် ကိုယ်စားပြုခြင်းကို ပြသကြသည်။ ကုန် အမှတ်တံဆိပ် အကောင်အထည်ဖော်ခြင်း သည် ထိုကုန်အမှတ်တံဆိပ်ကို ဈေးကွက် အတွင်း ယုံကြည်လက်ခံနိုင်မှုနှင့် သိရှိနား လည်မှုစံနှုန်းကို မြင့်တက်စေပြီး စားသုံးသူ များ၏ အလေးပေးရွေးချယ်မှုကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်သည် စားသုံးသူများ၏ အသိအမှတ်ပြုမှုကို လှုံ့ဆော်ပေးနိုင်သောကြောင့် အရေးပါသော ဈေးကွက်မြှင့်တင်ရေးကိရိယာ (Tool) တစ်ခု လည်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း “အဲလိဇဘက် ဘုရင်မကြီး”သည် ဝိတိုရိယအင်ပါယာကို ကိုယ်စားပြုပြီး “ပူတင်” ဟုပြောလျှင် ရုရှား နိုင်ငံကို ကိုယ်စားပြုကြောင်း သိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံကို မသိသူ အနောက် နိုင်ငံသား အများအပြားရှိကြပါသည်။ တစ်နေရာရာတွင် တွေ့ဆုံသည့်အခါ “ငါမြန်မာပြည်ကပါ”ဟု မိတ်ဆက်လျှင် မြန်မာနိုင်ငံကို သူတို့မသိကြပါ။ ထိုအခါ မိမိတို့နိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် အမည် ပြောပြလျှင် သူတို့သိကြသည်။ ဆိုလိုသည်မှာ ထင်ရှားသည့်ပုဂ္ဂိုလ်တို့သည် ထင်ပေါ် ကျော်ကြားမှုဖြင့် သက်ဆိုင်ရာနိုင်ငံ၊ အသင်း အဖွဲ့၊ အဖွဲ့အစည်းများကို လူပုဂ္ဂိုလ်ဆိုင်ရာ အမှတ်လက္ခဏာ (Personal Branding) အဖြစ် ကိုယ်စားပြုနေကြသည်။
ထုတ်ကုန်၏ ကုန်အမှတ်တံဆိပ် (Product Branding)သည် ရိုးရှင်းပြီး အခြေခံကျသည့် အမည်နာမတစ်မျိုးဖြစ် သည်။ ထုတ်ကုန် ကုန်အမှတ်တံဆိပ်သည် မိမိထုတ်ကုန်ကို အခြားထုတ်ကုန်များနှင့် ကွဲပြားခြားနားစေသည့် သင်္ကေတ သို့မဟုတ် ပုံစံတစ်ခုကို ဆိုလိုသည်။ ၎င်းကို ပြည်တွင်း နှင့်ပြည်ပဈေးကွက်များ၏ အလေ့အထများ၊ ကြိုက်နှစ်သက်မှုများပေါ်မူတည်၍ ကွဲပြား ခြားနားသော ပုံသဏ္ဌာန်၊ အရောင်အသွေး များကို ဖန်တီးထုတ်လုပ်ကြသည်။
ကမ္ဘာပေါ်ရှိ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းများသည် သူတို့၏ ထုတ်ကုန် ပစ္စည်းများကို ဈေးကွက်ရှာဖွေမြှင့်တင်ရန် အမျိုးသားကုန်အမှတ်တံဆိပ် (National Branding) များကို အကောင်အထည်ဖော်ခဲ့ ကြသည်။ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန (Department of International Trade Promotion-DITP) သည် Thai Trusted Brand အမည် ဖြင့်လည်းကောင်း၊ မလေးရှားပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (Malaysia External Trade Development Corpo - ration-MATRADE) သည် Malaysian Brand အမည်ဖြင့်လည်းကောင်း၊ ဗီယက်နမ် ကုန်သွယ်မှု မြှင့်တင်ရေးအေဂျင်စီ (Vietnam Trade Promotion Agency -VIETRADE) သည် Vietnam Value အမည်ဖြင့်လည်း ကောင်း သူတို့၏ထုတ်ကုန်များကိုဈေးကွက် သစ်များရရှိရေး ကူညီပံ့ပိုးပေးလျက်ရှိ သည်။
ကုန်အမှတ်တံဆိပ်သည် ဈေးကွက်ရှာ ဖွေရေးအတွက် အဓိကကျသည့် လက်နက် ကိရိယာတစ်ခုဖြစ်သည်။ ပြည်ပဝယ်လက် များနှင့် စားသုံးသူများအကြားတွင် မြန်မာ့ထုတ်ကုန်ကို ကိုယ်စားပြုသည့် အမှတ်လက္ခဏာတစ်ခု တည်ထောင်ရန်မှာ မရှိမဖြစ် လိုအပ်ပေသည်။ မြန်မာ့ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားကုန်အမှတ်တံဆိပ် အတွေး အခေါ်ပေါ်တွင် အခြေခံ၍ ပြည်ပဝယ်လက် များနှင့် စားသုံးသူများထံမှ ယုံကြည်မှုနှင့် အသိ အမှတ်ပြုမှုရရှိနိုင်ရန် ကုန်အမှတ်တံဆိပ် မိတ်ဆက်ပွဲများကို မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားရမည် ဖြစ်သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့-
MYANTRADE ကိုဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတ၏ ၂၀၁၂ ခုနှစ် ကိုရီးယား သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ကိုရီးယားနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ (KOTRA- Korea Trade – Investment Promotion Agency) ကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးဌာနတစ်ခု ထူထောင်ရန် အတွက် နှစ်နိုင်ငံအကြီးအကဲများ သဘောတူ ညီခဲ့ကြသည်။
သဘောတူညီမှုအရ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ တည်ထောင်ရေးစီမံကိန်း အတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA- Korea International Cooperation Agency) ၏ ODA အထောက်အပံ့နှင့် ကိုရီးယားနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး
အေဂျင်စီ(KOTRA–Korea Trade–Investment Promotion Agency) တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (Foreign Direct Investment) ပိုမို တိုးမြှင့်နိုင်စေရန်၊ ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ အကောင် အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန် ၊ စက်မှုကဏ္ဍတွင် ကုန်ထုတ်လုပ်မှုလုပ် ငန်းပြိုင်ဆိုင်မှု ပိုမိုခိုင်မာစေရန်၊ ကုန်ထုတ်လုပ် ငန်းမှ ပို့ကုန်အမယ်များတိုးမြှင့်ရေး ဆောင်ရွက် နိုင်ရန်၊ အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်အသစ် ရှာဖွေပေးနိုင်ရန် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်သစ်ရှာဖွေနိုင်ရန်၊ သတင်းအချက်အလက် နည်းပညာ(IT)ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင် ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ပြီး စီးပွားရေးစဉ်ဆက်မပြတ်တိုးတက် ရေးကို အထောက်အကူပြုနိုင်ရန်အတွက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myanmar Trade Promotion Organization-MYAN- TRADE) ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကိုကျင့်သုံး၍ မြန်မာ့စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာ နိုင်ငံအား ဒေသတွင်းကုန်သွယ်မှု၌ ယှဉ်ပြိုင်နိုင် စွမ်းရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် မျှော်မှန်းချက်ဖြင့် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဌာန အသစ်ဖြစ်သော်လည်း ဌာန၏ပင်မလုပ်ငန်း များဖြစ်သော ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်း များကို စနစ်တကျထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရုံးချုပ်/ ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကုန်သွယ်မှုဗဟိုဌာနများ၊ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများနှင့် ကွန်ရက်သဖွယ် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ MYANTRADE သည် ကမ္ဘာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့အစည်းများထဲတွင် သက်တမ်းအနုနယ်ဆုံး ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ သို့ရာတွင် အဖွဲ့အနေဖြင့် နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့များ၏ Conference ကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင် ပါဝင်တက်ရောက်ခဲ့ခြင်းဖြင့် အပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (World Trade Promotion Organization- WTPO) အသိုင်းအဝိုင်းထဲတွင် ပါဝင်လာခဲ့ သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပ သည့် Beijing International Horticulture Expo 2019 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး အဆိုပါ Expo တွင် ပါဝင်ပြသနေသော မြန်မာပြခန်းဆောင်သို့ လာရောက် စစ်ဆေး ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မြန်မာ့စားသောက်ကုန်များကို နိုင်ငံခြားသား များ နှစ်သက်ကြကြောင်း၊ မြန်မာ့ စိန်တလုံး သရက်သီးကို ပြည်ပနိုင်ငံများ၏ အကြီးအကဲ များထံ လက်ဆောင်အဖြစ် ပေးပို့ဖူးကြောင်း၊ မြန်မာ့ထွက်ကုန်များမှ အရည်အသွေးရှိသော ထုတ်ကုန်များကို အမျိုးသား ကုန်အမှတ်တံဆိပ် (National Branding) အဖြစ် အကောင်အထည် ဖော်၍ ပို့ကုန်မြှင့်တင်ရေး အားပေးဆောင်ရွက် သင့်ကြောင်း ” လမ်းညွှန်ခဲ့ပါသည်။
မြန်မာ့ကုန်အမှတ်တံဆိပ်မိတ်ဆက်ခြင်း၏
ရည်ရွယ်ချက်
မြန်မာ့ ကုန်အမှတ်တံဆိပ် ဆိုသည်မှာ မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် အရည်အသွေး ရှိ မြန်မာ့ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ကိုယ်စားပြုသော ကုန်အမှတ်တံဆိပ်တစ်ခုဖြစ် သည်။ မြန်မာ့ကုန်အမှတ်တံဆိပ်သည် နိုင်ငံ တကာဝယ်ယူသူများအတွက် အကောင်းဆုံး ရွေးချယ်သင့်သော မြန်မာ့ထုတ်ကုန်နှင့် ဝန်ဆောင်မှုအဖြစ် သိရှိနိုင်မည်ဖြစ်သည်။ မြန်မာ့ကုန်အမှတ်တံဆိပ်သည် ပြည်တွင်း ထုတ်ကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာ ဈေးကွက်ဝေစုနှင့် စားသုံးသူများ၏ယုံကြည်မှု များကို တိုးပွားစေရန်အထောက်အကူပြုမည် ဖြစ်သည်။ မြန်မာ့ထွက်ကုန်များမှ အရည် အသွေးရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်ပဈေးကွက်သို့ ပိုမိုချိတ် ဆက်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရန်နှင့် အရည်အသွေးအခြေပြုသည့် ပို့ကုန်မြှင့်တင်ရေးဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။
မြန်မာ့ကုန်အမှတ်တံဆိပ်လျှောက်ထားခြင်း
မြန်မာ့ကုန်အမှတ်တံဆိပ်(Myanmar Brand) ကို Website တွင် ဝင်ရောက်လျှောက် ထားနိုင်ပြီး လျှောက်ထားသော စာရွက် စာတမ်းများ မှန်ကန်ပြည့်စုံပါက လျှောက်ထား သူ၏ Email သို့ Confirmation Letter ပေးပို့ ပေးမည်ဖြစ်သည်။ ထို့နောက် လျှောက်လွှာများ ကို စုစည်း၍ မြန်မာ့ကုန်အမှတ်တံဆိပ်အတည် ပြုရေး ဘုတ်အဖွဲ့သို့ တင်ပြခွင့်ပြုချက်များရယူ မည်ဖြစ်ပြီး မြန်မာ့ကုန်အမှတ်တံဆိပ် လက်ခံ ရရှိမည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်း များသို့ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည် အသိပေး အကြောင်းကြားမည်ဖြစ်သည်။ မြန်မာ့ကုန်အမှတ်တံဆိပ် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကိုလည်း အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ့ကုန်အမှတ်တံဆိပ် (Myanmar Brand)အသိအမှတ်ပြုလက်မှတ်ကို မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်က လက်မှတ်ရေးထိုး၍ နှစ်နှစ်အတွက် ထုတ်ပေးမည်ဖြစ်ပြီး Myanmar Brand-MB Logo ကို မိမိတို့ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ မြန်မာ့ ကုန်အမှတ်တံဆိပ်အတွက် လိုအပ်သော Criteria အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
- မြန်မာနိုင်ငံသားပိုင် ထုတ်လုပ်မှု/ဝန်ဆောင်မှုလုပ်ငန်းဖြစ်ရမည်။
- ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်း မှတ်ပုံ တင်ရှိရမည်။
- စားသောက်ကုန်ဖြစ်ပါက အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) လက်မှတ်၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြား ထုတ်ကုန်ဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၏ ထောက်ခံချက် ရှိရမည်။
- ထုတ်ကုန်အလိုက် ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်ရန် သင့်လျော်သည့် ထုပ်ပိုးမှုပုံစံရှိ ရမည်။ ပါဝင်ပစ္စည်းများ၊ ကုန်ပစ္စည်း အညွှန်း၊ Production Date၊ Expired Date၊ ကုမ္ပဏီလိပ်စာ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ဘားကုတ် စသည့် ဖော်ပြချက်များ ပြည့်စုံစွာ
ပါရှိရမည်။
- စားသုံးသူကာကွယ်ရေး ဥပဒေ
(၂၀၁၉) ပါ အချက်များနှင့် ကိုက်ညီမှု
ရှိရမည်။
- လွန်ခဲ့သော နှစ်နှစ်က နိုင်ငံတော်သို့ ကုမ္ပဏီဝင်ငွေခွန် ထမ်းဆောင်မှု အထောက်အထားများ တင်ပြနိုင်ရ မည်။
- ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးခြင်း နှင့် ပြည်ပသို့ ထုတ်ကုန်တင်ပို့သည့် အထောက်အထား တင်ပြနိုင်ရမည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါက ပြည်ပရှိလုပ်ငန်းခွဲများ၊ ပြည်တွင်း/ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အခြေအနေ များ တင်ပြရမည်။
- အလုပ်သမား ခန့်ထားနိုင်မှုနှင့် Corporate Social Responsibility (CSR)လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်မှု အခြေအနေတင်ပြရမည်။
- ဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ် ဖန်တီးမှု၊ တီထွင်ကြံဆမှုရှိရမည်။
မြန်မာ့ကုန်အမှတ်တံဆိပ်မြှင့်တင်ရေး
အစီအစဉ်များ
- ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ တွင် မြန်မာ့ကုန်အမှတ်တံဆိပ် မြှင့်တင်ရေး အစီအစဉ်များ ထည့်သွင်း ကျင်းပခြင်း။
- မြန်မာ့ကုန်အမှတ်တံဆိပ်မြှင့်တင်ရေးကုန်စည်ပြပွဲများ ကျင်းပပေး ခြင်း။
- မြန်မာ့ ကုန်အမှတ်တံဆိပ်ကို သက်ဆိုင်ရာနိုင်ငံများမှ အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်းများသို့ အသိ ပေး အကြောင်းကြားခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း။
- မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတို့၏ Website များတွင် ထည့်သွင်းဖော်ပြပေးခြင်း။
- မြန်မာ့ကုန်အမှတ်တံဆိပ် မြှင့်တင်ရေး ဆွေးနွေးပွဲများ ကျင်းပပေးခြင်း။
a ရန်ကုန်တိုင်းဒေသကြီးမှ
၃။ အဆိုပါ မြို့နယ် ၂၁ မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-
(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်း များ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်ရန် သွားရောက်သူများ မပါ)
(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
(င) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူ များကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြု ထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာ ခွင့်ပြုရန်၊
(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်း အပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက် ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊
၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါကိစ္စရပ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များ အတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန်ဖြစ်သည်။
၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများ အရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။
၆။ ဤအမိန့်သည် ၁၀-၉-၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။
(ဒေါက်တာမြင့်ထွေး)
ပြည်ထောင်စုဝန်ကြီး
- Log in to post comments