
နေပြည်တော် ဇန်နဝါရီ ၁
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှစတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ပျက်စီးစေလို သည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
အဆိုပါဒေသတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာ စကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ယနေ့တွင် အမျိုးသား ၆၃၆ ဦး၊ အမျိုးသမီး ၈၄၈ ဦး စုစုပေါင်း ၁၄၈၄ ဦး ထပ်မံ ဝင်ရောက်လာခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ယနေ့အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော် သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့တွင် ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၇၁၂ ဦး၊ အမျိုးသမီး ၃၁၆၀ ဦး စုစုပေါင်း ၅၈၇၂ ဦး ရှိပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ လက်ခံ ခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ အား ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်